ဧပြီလဆန်းတွင် ဘဏ်တိုး ဒုတိယအကြိမ် ထပ်မံလျှော့ချမည်

ဧပြီလဆန်းတွင် ဘဏ်တိုး ဒုတိယအကြိမ် ထပ်မံလျှော့ချမည်

ကိုရိုနာ ဗိုင်းရက်စ် ဂယက်ကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းအချို့ ရပ်နားထားရမှု ကြုံတွေ့နေရပြီး စီးပွားရေး ကျဆင်းလာသည့်အတွက် ဘဏ်တိုးများကို လာမည့် ဧပြီ ၁ ရက်နေ့မှ စ၍ တစ်လအတွင်း ဒုတိယအကြိမ် လျှော့ချသွားမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငွေစုဘဏ်စာရင်း၊ အချိန်စေ့မှ ထုတ်ပေးရသည့် ငွေစုစာရင်းများ၏ ဘဏ်တိုးနှုန်းကို ဘဏ်များအနေဖြင့် ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ) ရာခိုင်နှုန်း အကြား လျှော့ချ သတ်မှတ်ရန် အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဘဏ်များ အနေဖြင့် ချေးငွေအပေါ် အတိုးနှုန်းကို ၁၁ ဒသမ ၅ ရာခိုင်နှုန်းအောက်သာ ကောက်ခံရန် လျှော့ချသတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။

ယခင်က ဘဏ်များတွင် စုဆောင်းငွေများအတွက် ဘဏ်တိုးနှုန်းကို ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ချေးငွေအတွက် ဘဏ်တိုးနှုန်းကို ၁၃ ရာခိုင်နှုန်း ကောက်ယူရန် သတ်မှတ်ထားသည်။ သို့သော် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ အခက်ကြုံလာသည့်အတွက် မတ် ၁၂ ရက်နေ့တွင် ဘဏ်တိုး  ၉ ဒသမ ၅ရာခိုင်နှုန်းနှင့် ချေးငွေ အတိုးနှုန်းကို ၁၂ ဒသမ ၅  ရာခိုင်နှုန်းသို့ အသီးသီး လျှော့ချခဲ့သည်။

ဘဏ်တိုးနှုန်းကို ယခုလို ဒုတိယအကြိမ် ၁ ရာခိုင်နှုန်း လျှော့ချလိုက်သည့်အတွက် တစ်လအတွင်း ဘဏ်တိုးနှုန်းများ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ အသီးသီးလျှော့ချသွားပြီးဖြစ်သည်။

ဘဏ်တိုးနှုန်းများလျှော့ချရန် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များက ဖေဖော်ဝါရီလအတွင်းက တောင်းဆိုခဲ့ပြီးနောက် ယခုလို ဆက်တိုက် လျှော့ချလာခြင်း ဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...