ဝိုင်းမော်တွင် တရားမဝင် သစ် တန်ချိန် ၁၂၀၀ကျော် ဖမ်းမိ

ဝိုင်းမော်တွင် တရားမဝင် သစ် တန်ချိန် ၁၂၀၀ကျော် ဖမ်းမိ

၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် သစ်တန်ချိန် အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်စဉ်အနေဖြင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဘွမ်တောင်ကျေးရွာအနီးတွင် တရားမဝင် သစ်စက်နှင့်အတူ သစ်တန်ချိန် ၁၂၀၀ကျော်ကို မတ်လ ၁၆ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

“ပိုင်ရှင်အနေနဲ့က ဦးအိုက်မြင့်ဆိုတာ သိရတယ်။ လက်ရှိ ဖမ်းဆီးရမိထားတာတော့ တရုတ်နိုင်ငံသားတစ်ယောက်ရယ်၊ မြန်မာနိုင်ငံသား သစ်ကားမောင်းတယ်ဆိုတဲ့ တစ်ယောက် ဖမ်းဆီးထားတယ်"ဟု ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒရှီလဆိုင်း ဆိုသည်။

ဖမ်းဆီးရမိသူများကို သစ်တောဥပဒေ ပုဒ်မ ၄၂၊ ပုဒ်မ ၄၃(က) ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေကြောင်း ပြည်နယ်ဝန်ကြီးထံမှ သိရသည်။

မြန်မာ့တပ်မတော် စကခ(၃) ဗိုလ်မှူးကြီးစိန်လင်း ဦးဆောင်သည့် စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် ယခုလို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

 "ပိုင်ရှင်ကိုတော့ ဆက်လက် စုံစမ်းဖော်ထုတ်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသည်မှာ သစ်စက် ၁လုံး၊ သစ် အလုံးရေ ၁၅၀၀ ခန့် (တန်ချိန်အားဖြင့် ၁၂၀၀)အပြင် ၁၂ဘီးယာဉ် တစ်စီး၊ ယာဉ်ငယ် တစ်စီးလည်း ပါဝင်ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော့်အနေနဲ့တော့ သစ်တွေနဲ့ပတ်သက်တဲ့ ဖမ်းဆီးမူမှာ အဓိက တရားခံကို မိအောင်ဖမ်းဖို့တော့ ပြောတာပေါ့နော်။ သို့သော်လည်း တစ်ချို့နေရာ ဖမ်းဆီးလို့ ခက်ခဲတဲ့နေရာမျိုးမှာ ဆိုရင်တော့ ကျနော်တို့ သွားဖမ်းမယ့် နေရာတွေမှာ သတင်းတွေ ပေါက်ကြားမှုကြောင့် လူတွေ တိမ်းရှောင်သွားတဲ့ နေရာမျိုးမှာဆိုရင် ပိုင်ရှင်မဲ့လို့ ပြောရတဲ့အတွက် အားမလိုအားမရတော့ ဖြစ်တာပေါ့နော်။ နောက်တစ်ခုကျတော့ ဒီ ဖမ်းမိထားတဲ့ သစ်တွေကိုလည်းပြန်လည်ရောင်းချခြင်း မပြုဘဲနဲ့ အကုန်လုံးကို မီးရှို့စေချင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် တရားမဝင် သစ်ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအပ်သော်လည်း နယ်မြေလုံခြုံရေးအရ လက်လှမ်း မမီနိုင်သည့် နေရာများ ရှိနေကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...