ချင်းပြည်နယ်တွင် စစ်ရေးအရ မလှုပ်ရှားရန် ချင်းတပ် တောင်းဆိုသော်လည်း ထွက်ခွာရန် မရှိဟု AA တုန့်ပြန်

ချင်းပြည်နယ်တွင် စစ်ရေးအရ မလှုပ်ရှားရန် ချင်းတပ် တောင်းဆိုသော်လည်း ထွက်ခွာရန် မရှိဟု AA တုန့်ပြန်
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထိခိုက်သေဆုံးနေသည်။ (ဓာတ်ပုံ - AA)
ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထိခိုက်သေဆုံးနေသည်။ (ဓာတ်ပုံ - AA)

ခင်သရဖီဦး — မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အနေဖြင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန်နှင့် AA အနေဖြင့် ချင်းပြည်နယ်တွင် စစ်ရေးအရ အခြေချလှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး(CNF)က မတ်လ ၁၉ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

သို့သော် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် စစ်ရေးအရ အရေးပါသည့်နေရာဖြစ်ပြီး ဆုတ်ခွာပေးရန်မရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ပလက်ဝမြို့နယ်က ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ ဆုတ်ပေးဖို့တော့ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားနေတာက စစ်တပ်က ထိုးစစ်လုပ်နေတာကြောင့် ဖြစ်တာ။ သူတို့ဖက်က ထိုးစစ်မလုပ်ရင် ဖြစ်စရာ မရှိပါဘူး။ အဲဒါကြောင့် တိုက်ပွဲရပ်ချင်ရင် စစ်တပ်ကို တောင်းဆိုဖို့ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။

တပ်မတော်နှင့် AA တို့ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခသည် ချင်းအမျိုးသားများအပေါ် စစ်ရာဇဝတ်ကျူးလွန်မှုများ ရှိနေခြင်းကြောင့် ချင်းအမျိးသားများအတွက် အရေးပေါ်အခြေအနေ ရောက်နေပြီဟု မှတ်ယူကြောင်း CNF က ဆိုသည်။

CNF သည် ဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ CNF ကို ၁၉၈၈ ခု၊ မတ်လ ၂၀ ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဌာနချုပ်ရှိသည်။ ခန့်မှန်းအင်အားမှာ ၂၀၀ နှင့်အထက်ရှိသည်ဟု နိုင်ငံတကာမြန်မာသတင်းအဖွဲ့(BNI)က ထုတ်ဝေသည့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း လမ်းညွှန်အကိုးအကား ၂၀၁၇-၂၀၁၈ စာအုပ်တွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။ လက်ရှိတွင် ရေကြောင်းသွားလာရေးတွင် အတားအဆီးများရှိနေသောကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...