တပ်မတော်နှင့် AA တိုက်ပွဲ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ANPCC တိုက်တွန်း

တပ်မတော်နှင့် AA တိုက်ပွဲ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ANPCC တိုက်တွန်း
ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ အဖွဲ့ဝင်များကိုတွေ့ရစဉ်၊ ဓာတ်ပုံ- ANPCC
ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ အဖွဲ့ဝင်များကိုတွေ့ရစဉ်၊ ဓာတ်ပုံ- ANPCC

အောင်ထိန် — ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများ အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှု အမြန်ဆုံးစတင်ကြရန် ရခိုင်အမျိုး သားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့(ANPCC)က မတ်လ ၁၅ ရက်နေ့က တိုက်တွန်းလိုက်သည်။

ANPCC သည် မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ရခိုင်အမျိုးသား အဆင့် မူဝါဒရေးရာ ပြန်လည်သုံးသပ်ရေးနှင့် ညှိနှိုင်းပေါင်းစပ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ချက် ထုတ်ပြန်ကာ ယင်းသို့တိုက်တွန်းခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးနည်းနဲ့ အဖြေရှာမှုကို မလုပ်နိုင်တဲ့တွက် အပြစ်မဲ့ပြည်သူတွေ ဘေးဒုက္ခတွေကို ရင်ဆိုင်နေကြရတယ်။ အပြစ်မဲ့ပြည်သူလူထုတွေ မသေသင့်ဘဲ သေနေရတယ်။ ဒီကိစ္စတွေကို ကျနော်တို့က မဖြစ်စေချင်ဘူး။ အခုလို မတော်မတရားလုပ်ရပ်တွေကို ကျနော်တို့ကရှုတ်ချတယ်” ဟု ANPCC ညှိနှိုင်းရေးမှူး ဦးထွန်းဇော်က DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် အပြစ်မဲ့ပြည်သူများ သေဆုံးမှုများကို ရှုတ်ချပြီး လူသားဖြစ်တည်မှုကို ခြိမ်းခြောက်နေသော ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများအားလုံး ပြည်သူလူထုအပေါ်တွင် တာဝန်ယူ တာဝန်ခံမှုရှိစွာ တရားမျှတမှုကို ဖော်ဆောင်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် တွန်းအားပေးဆောင်ရွက်ကြရန်လည်း ANPCC က မေတ္တာရပ်ခံသည်။

ရခိုင်ပြည်နယ်အတွင်း ပိုမိုဆိုးဝါးလာနေသော ပြည်တွင်းစစ်နှင့် နောက်ဆက်တွဲ လူမှုဘေးဒုက္ခ အနိဌာရုံများမှာ အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်မှု မရှိသောကြောင့် ၂၁ ရာစု၏ နည်းပညာခေတ်တွင် မင်းမဲ့စရိုက်ဆန်သော လူ့ဘောင်လောက အနေအထားသို့တိုင် ခေတ်နောက်ပြန်ဆွဲလာနေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်နေရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်မီး ချုပ်ငြိမ်းစေရန်နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာစာချုပ် (Bilateral)ကို သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းကို မတ်လ (၁)ရက်နေ့မှ မတ်လ (၂၅)ရက်နေ့အထိ ထပ်မံ သက်တမ်းတိုးမြှင့် လိုက်သည်ဟု AA၊ TNLA၊ MNDAA တို့က ကြေငြာထားသည်။ သို့သော် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။

အစိုးရနှင့် AA ကြား Bilateral စာချုပ်မရေးထိုးနိုင်လျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဟု နိုင်ငံရေး လေ့လာသူတစ်ချို့က သုံးသပ်ထားကြသော်လည်း တပ်နေရာချထားရေးကိစ္စတွင် သဘောထား ကွဲလွဲနေမှုကြောင့် Bilateral စာချုပ် ချုပ်ဆိုနိုင်ရန် အခက်တွေ့နေသည်ဟု ခိုင်သုခက DMG သို့ပြောဆို ထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား(၁၃၀)ကျော် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားသမဂ္ဂ (တက္ကသိုလ် များရန်ကုန်) ၏ စာရင်းအရသိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...