ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ် ပိတ်ထားသည့်ကိစ္စ နှစ်နိုင်ငံသားများ ခိုက်ရန်ဖြစ်ပွား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ် ပိတ်ထားသည့်ကိစ္စ နှစ်နိုင်ငံသားများ ခိုက်ရန်ဖြစ်ပွား

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် အိန္ဒိယ - မြန်မာ နယ်စပ် အဝင်အထွက် ပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ နယ်စပ်နေ ဒေသခံ လူငယ်များအကြား ခိုက်ရန်ဖြစ်ပွားမှု မတ်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြန်မာဘက်ခြမ်း ချင်းပြည်နယ် မတူပီမြို့နယ် လုံကျွဲသဲကျေးရွာသားတစ်ဦး မတ်လ ၁၅ ရက်နေ့က တစ်ဖက်နိုင်ငံ  မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် Chakei ကျေးရွာနေသူ နှမနှင့်တွေ့ဆုံရန် နယ်စပ်ဖြတ်ကျော်ကာ သွားလာစဉ်  ယင်းကျေးရွာအနီး ဘွေနူးမြစ်နံဘေးတွင် လုံခြုံရေးတာဝန်ယူထားကြသည့် မရာလူငယ်အဖွဲ့ (Mara Thyutlia Py) က  ဖြတ်သန်းသွားလာခွင့်မပြုရာမှ စတင်ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ထိုကဲ့သို့ ခွင့်မပြုသည့်အတွက် လုံကျွဲသဲရွာသားသည် ကျေးရွာသို့ ပြန်လှည့်ကာ လူငယ်များကို စုစည်း၍ မရာလူငယ်အဖွဲ့ လုံခြုံရေးတာဝန် ယူထားသည့်နေရာသို့ ပြန်သွားပြီး အဖွဲ့လိုက် ထိုးနှက်ခဲ့ကြခြင်းဖြစ်သည်ဟု Mizo Special Report တွင်ဖော်ပြသည်။

ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားကြသည့် ရုပ်သံသည်လည်း မတ်လ ၁၅ နေ့က လူမှုကွန်ယက်စာမျက်နှာတွင် ပြန့်နှံ့လာခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လုံကျွဲသဲကျေးရွာ ရပ်မိရပ်ဖများက Siasi ကျေးရွာသို့ သွားရောက်ပြီး ကျေအေးပေးရန် တောင်းဆိုလာသည့်အတွက် အပြန်အလှန် ဆွေးနွေးကြပြီးနောက် ကျေအေးကြသည်ဟု သိရသည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ ဆိုင်းဟားခရိုင်အတွင်း နယ်စပ်ကျေးရွာ (၁၀) ရွာ Lodaw, Chapi, Lopu, Khaikhy, Zyhno, Lomasu, Iana, Siasi, Laki နှင့် Khopa စသည့် ကျေးရွာတို့မှတဆင့် နှစ်နိုင်ငံသားများ ဝင်ထွက်သွားလာခွင့်ကို ဆိုင်းဟားခရိုင် တွဲဖက်အုပ်ချုပ်ရေးမှူးက မတ်လ (၇) ရက်တွင် ပိတ်ပင်လိုက်ပြီးနောက် နယ်စပ် ကျေးရွာများတွင် လူငယ်အဖွဲ့များကို လုံခြုံရေးတာဝန်ယူစေခဲ့သည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...