မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနား မြစ်ဆုံဒေသခံများ ကျင်းပ

မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနား မြစ်ဆုံဒေသခံများ ကျင်းပ

မြစ်ဆုံစီမံကိန်းသည် လျှပ်စစ်မီး ရရှိအောင် ပြုလုပ်ခြင်းမဟုတ်ဘဲ ဒေသခံများ၏ လူမှုဘဝနေထိုင်မှု ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု Htoi Gender Development ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦး ပြောဆိုခဲ့သည်။

“ရေကာတာလုပ်မှ လျှပ်စစ်မီးရမယ်ဆိုတာက မဖြစ်သင့်ဘူး။ ပြောရမယ်ဆိုရင် ရေကာတာလုပ်ရင် အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းက တရုတ် ယူမယ်။ ၁၀ရာခိုင်နှုန်းမှာ ၅ ရာခိုင်နှုန်းက ရှယ်ယာဝင်တွေယူမယ်။ ၅ရာခိုင်နှုန်းသာ ပြည်သူအတွက်သာ ဖြစ်တယ်။ အဲဒီတော့ ဘာအကျိုးအမြတ်မှ မရှိဘူး။ ပြီးရင် ပြည်သူတွေရဲ့ လူမှုဘဝတွေလည်း ပျက်စီးဆုံးရှုံးသွားမယ်"ဟု ဟု  Htoi Gender Development ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမ ဒေါ်ဆာလီထွေးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လုံဂါဇွပ်ကျေးရွာ (မြစ်ဆုံအနီး) တွင် မတ်လ ၁၄ရက်က ကျင်းပသော အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့ အခမ်းအနား၌ ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားကို ဖော်ပြပါဖောင်ဒေးရှင်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လူမှုဘဝက နဂိုကနေ အရည်အသွေးရှိပြီးသားဖြစ်တယ်။ အစိုးရအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဖို့တော့လိုတယ်။ ဒါပေမယ့် လှုမှုပတ်ဝန်းကျင်မှာ ထိခိုက်နစ်နာမှု ဘယ်လောက်များလဲ။ ဒါကိုကြည့်ရှု့ရမှာဖြစ်တယ်။ အဲ့ဒါကိုမစဉ်စားဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းလုပ်နေဒါက ပြည်သူတွေအတွက်ကြည့်မယ်ဆိုရင် မတရားဘူးပေါ့။ အစိုးရဆိုတာ ပြည်သူတွေရဲ့ စကားသံတွေကို နားထောင်ရမှာဖြစ်တယ်”

‘အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းနိုင်ဖို့၊ ရေအရင်းအမြစ်ဆုံးရှုံးနိုင်သည့် စီမံကိန်းများကို ဆန့်ကျင်နိုင်ဖို့၊ သန့်ရှင်းသောရေကို လုံလောက်စွာရရှိနိုင်ဖို့၊ ဒေသခံများက မိမိတို့၏ ရေအရင်းအမြစ်ကို မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်ဖို့’ စသော ရည်ရွယ်ချက် ၄ခုကို အခြေခံကာ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၏ လူဦးရေးပမာဏနှင့် မြစ်ဆုံကဲ့သို့သော စီမံကိန်းကြီးကို ပြုလုပ်ရန် မလိုအပ်သေးကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဒု-ဥက္ကဋ္ဌ (၁) ဒေါ်ဒွဲဘူက ပြောသည်။

“ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လျှပ်စစ်ဟာ အခြေခံ လိုအပ်တယ်ဆိုတာ လက်ခံပါတယ်။ တကယ်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုနေတယ်။ ဒီလို ဖွံ့ဖြိုးတိုတက်ဖို့ လုပ်ဆောင်တဲ့ နောက်ကွယ်မှာ ဆုံးရှုံးနစ်နာမှုက လိုက်ပါလာတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းပြီးသွားရင် ဖြစ်လာမယ့် တကယ့် ဆုံးရှုံးနစ်နာမှုတွေ အများကြီး ကြုံလာရမှာ ဖြစ်တယ်။ နောက် ကျမတို့မှာ လူဦးရေအရဆိုရင်လည်း လျှပ်စစ်ကို စီမံကိန်းကြီးကြီးမားမားဖြင့် သုံးဖို့လည်း မလိုသေးပါဘူး” ဟု ဒေါ်ဒွဲဘူက ပြောသည်။

လက်ရှိအာဏာရ NLD အစိုးရ၏ မဲဆွယ်စည်းရုံးရေးကာလတွင် မြစ်ဆုံ စီမံကိန်း စာချုပ်နှင့်ပတ်သက်ပြီး တရားဝင် ချပြသွားမည်ဟု ပြောဆိုခဲ့သည့်အတိုင်း ချပြခြင်း မရှိသေးပေ။

သို့သော်လည်း စီမံကိန်းစာချုပ်ကို ချပြသည်ဖြစ်စေ၊ ချမပြသည်ဖြစ်စေ မြစ်ဆုံစီမံကိန်း ရပ်တန့်သွားအောင် ကန့်ကွက်သွားမည်ဟု ဒေါ်ဒွဲဘူက ဆက်လက်ပြောဆိုသည်။

အထက်ပါအခမ်းအနားတွင် ပါဝင်သော ဒေသခံ ၅၀ ကျော်က ဧရာဝတီထာဝရစီးဆင်းနိုင်ရေးစသော စာသားပါ ဆိုင်းဘုတ်ကို ဝါးဖောင်လွှတ်သည့် အစီအစဉ်များလည်း ပြုလုပ်ခဲ့ကြသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...