မောင်တောတွင် အမျိုးသမီးတစ်ဦး အသတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေ

မောင်တောတွင် အမျိုးသမီးတစ်ဦး အသတ်ခံရပြီး နှစ်ဦးပျောက်ဆုံးနေ
သေဆုံးရုပ်အလောင်းကို မောင်တောဆေးရုံသို့ ယူဆောင်လာစဉ်။ (ဓာတ်ပုံ - ချလူးအောင် | DMG )
သေဆုံးရုပ်အလောင်းကို မောင်တောဆေးရုံသို့ ယူဆောင်လာစဉ်။ (ဓာတ်ပုံ - ချလူးအောင် | DMG )

ချလူးအောင် — ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သုပဏ္ဏကျေးရွာအုပ်စု ဘောင်းရွာမှ အမျိုးသမီးသုံးဦး ပျောက်ဆုံးနေရာ တစ်ဦးကို မတ် ၁၃  ညနေ ၈ နာရီတွင် လည်ပင်းဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ပြောသည်။

မတ်လ ၁၃ ရက်နေ့က မိမိကျေးရွာအနီး တောင်ယာသို့ ငရုပ်သီးခူးရန် သွားရောက်ပြီးနောက် ရွာသို့ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ ရွာနှင့် တစ်မိုင်ကျော်ခန့်အကွာ တောအုပ်တစ်နေရာတွင် အလောင်းကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကျန်အမျိုးသမီးနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

“နယ်မြေခံအမှတ်(၅) နယ်ခြားစောင့်စခန်းကို အကြောင်းကြားပြီး ညတွင်းချင်းလိုက်ရှာကြတာ ည ၈ နာရီမှာ ရွာရဲ့တစ်မိုင်ကျော်လောက်ကတောထဲမှာ လည်ပင်းပြတ်တဲ့ဒဏ်ရာနဲ့ အလောင်းတစ်လောင်းတွေ့တာပါ။ ကျန်တဲ့ ၂ ယောက်ကိုတော ဒီနေ့(  မတ် ၁၄ ) မနက်ကတည်းက လိုက်ရှာနေကြပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

သေဆုံးသူမှာ အသက် (၁၇)နှစ်အရွယ် မဆောင်ပေါင်းဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ဒေါ်တောင်ရူ(၄၀ နှစ်) နှင့် မထောင်လုံး (၂၀ နှစ်)တို့ဖြစ်သည်။ ၎င်းတို့မှာ ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်ရင်းသူများဖြစ်သည်။

“ဒဏ်ရာက လည်ပင်းဖြတ်သွားတာပါ။ အရေပြားလေးသာ ကျန်နေတာ” ဟု ရွာတာဝန်ခံ ကိုအောင်နိုင်က ပြောသည်။

အဆိုပါ ဘောင်းရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိကာ မြိုတိုင်းရင်းသားများ အများဆုံးနေထိုင်နေကြသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...