မြောက်ဦးမြို့နယ်တွင် ရွာထဲ လက်နက်ကြီး ကျ၊ ရှစ်ဦး ဒဏ်ရာရ

မြောက်ဦးမြို့နယ်တွင် ရွာထဲ လက်နက်ကြီး ကျ၊ ရှစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ် မူဆလင်ကျေးရွာတွင် ကျည်ဆံထိမှန်ပြီး ဒဏ်ရာရသူ ၈ ဦးရှိကြောင်း သိရသည်။

လေးဦးမှာ ဒဏ်ရာပြင်းထန်ပြီး နောက် ၄ ဦးမှာ အနည်းငယ်စီ ဒဏ်ရာရခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးချောင်ချူက ပြောသည်။

ဒဏ်ရာပြင်းထန်သူ ၄ ဦးမှာ ဦးချောင်ချူအာလီ (၃၀) နှစ် ၊ ဦးလိူင်လာ (၂၈) နှစ် ၊ ဦးကာလာချေ (၄၀) နှစ် (နှင့် ဇော်ဒီချေ (၄၀) နှစ်တို့ ဖြစ်ကြသည်။

“သူတို့ကို မြောင်းဘွေဆေးရုံကို ယူနေပါတယ်။ ဒဏ်ရာရတာက ညဉ့် ၃ နာရီလောက်မှာ ဖြစ်တာပါ” ဟု ဦးချောင်ချူက ဆက်ပြောသည်။

ပေါင်းတုတ်ကူးတို့ဆိပ်မှ အုပ်ချုပ်ရေးမှူးက “  သူတို့က အိပ်နေချိန်မှာ ကျည်လာကျတာလို့ ပြောတယ်။ သူတို့ ပြောတာက တပ်ကနေ လမ်းကနေ ပစ်သွားတယ်လို့ ပြောပါတယ်။ ရှစ်ယောက် ဒဏ်ရာရပါတယ်။ လေးယောက်က နည်းနည်း ပြင်းပါတယ်” ဟု ပြောသည်။

လောင်းကြက်တောင်မော် အဝင် နန်းကျနှင့် လောင်းကြက်အကြား ရန်ကုန်-စစ်တွေကားလမ်းတွင် ယနေ့ မတ် ၁၃ ညဉ့်အချိန်က တပ်မတော် ယာဉ်တန်း ဖြတ်သွားစဉ်  မိုင်းပေါက်ကွဲသံများကြားခဲ့ရပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...