ကျောက်တော်တွင် စစ်ဘေးရှောင် (၂၀၀၀) ကျော်အထိ တိုးလာ

ကျောက်တော်တွင် စစ်ဘေးရှောင် (၂၀၀၀) ကျော်အထိ တိုးလာ

နှင်းနွယ် — တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စစ်ဘေးရှောင်ဦးရေ (၂၀၀၀)ကျော်အထိတိုးလာသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် က DMG သို့ပြောသည်။

ပြိုင်းတိုင်း၊ လောင်းရှည်၊ အောင်သာယာ၊ တင်းမ၊ မီးလက်ဝ၊ မုန့်သန်းပြင်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ယင်းကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။

“လက်နက်ကြီးတွေနဲ့ နေ့ရောညရော အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် နေအိမ်တွေ မီးလောင်သွားတယ်။ လူတွေလည်း ထိခိုက်ဒဏ်ရာ ရကြတယ်။ ဒါကြောင့် လူတွေက စိုးရိမ်ကြောင့်ကြပြီးတော့ စစ်ဘေးရှောင်လာကြတယ်” ဟု ဦးမောင်မောင်က ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသူများအနက် အချို့မှာ စစ်ဘေးရှောင်စခန်းတွင် လာရောက်နေထိုင်ကြပြီး အချို့မှာ မိမိတို့၏ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများအိမ်တွင် နေထိုင်နေကြရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ကျောက်တော်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ နီပူခံစစ်ဘေးရှောင်သို့ စစ်ဘေးရှောင် (၃၀၀)ကျော်ရောက်ရှိလာပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု စခန်းတာဝန်ခံ ဦးမောင်အေးစောက ပြောသည်။

“အခက်အခဲကတော့ အကုန်ပဲ။ စားဝတ်နေရေးကအစ အိမ်သာကအစ အကုန်ပြန်လုပ်နေရတယ်။ သူတို့တွေရဲ့အိမ်တွေ မီးရှို့ခံရတော့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာရတာဖြစ်တဲ့အတွက် တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းတွေက အရေးပေါ်လိုအပ်နေတယ်။ ရေရှည်စားသောက်ရေးအတွက်လည်း စဉ်းစားနေရတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် အစိုးရအဖွဲ့နှင့် ပြင်ပအဖွဲ့အစည်းများက လာရောက် ထောက်ပံ့ကူညီပေးခြင်း မရှိသေးသည့်အတွက် မြို့မိမြို့ဖများမှ ကူညီထောက်ပံ့ ပေးထားရကြောင်း စခန်းတာဝန်ခံက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏တစ်နှစ်ကျော်ကြာဖြစ်ပွားလာနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)ထံမှ သိရသည်။

<><><>

ကျောက်တော်မြို့နယ်၊ ကံစောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသည့် မိသားစုတစ်စုအား ၂၀၁၉ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...