ပလက်ဝသို့ စားနပ်ရိက္ခာ လုံခြုံစွာ သယ်ဆောင်နိုင်ရန် ဒေသခံများ မေတ္တာရပ်ခံ

ပလက်ဝသို့ စားနပ်ရိက္ခာ လုံခြုံစွာ သယ်ဆောင်နိုင်ရန် ဒေသခံများ မေတ္တာရပ်ခံ

Salai Khup Khup — ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီ ဖြစ်ခြင်းကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပလက်ဝမြို့နယ် ဆမီးဖက်မှ စားနပ်ရိက္ခာ သယ်ယူစဉ် လုံခြုံမှုရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ပလက်ဝဒေသခံပြည်သူများက မတ်လ (၁၀)ရက်နေ့တွင် မေတ္တာရပ်ခံ အသိပေး တင်ပြခဲ့သည်။

စားနပ်ရိက္ခာသယ်ယူရေးကော်မတီ အဖွဲ့အစည်း ဒု အဖွဲ့ခေါင်းဆောင် ဦးစံမြက “မြို့ပေါ်မှာ ဆန်ပြတ်လပ်တာက တစ်လကျော်နေပြီ ဖြစ်တယ်၊ အဲဒါကြောင့် တစ်နေ့လုပ် တစ်နေ့စား လူတန်းစားတွေ၊ ကျွန်တော်တို့ အပါအဝင်၊ စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်တယ်၊ အဲလိုဖြစ်တဲ့ အတွက်ကြောင့် ဒီအတိုင်းဆိုရင် မဖြစ်တော့ဘူး၊ မြို့ပေါ် လေးရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဘာသာရေးခေါင်းဆောင်တွေရယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့ ဒါကို တင်ပြဖို့ ဆွေးနွေးကြတယ်။ ဒီ တင်ပြတဲ့ အပေါ်မှာ ဘယ်လိုတုံ့ပြန်မလဲ၊ တုံ့ပြန်မှုအပေါ် ကျောက်တော်မြို့နယ်ကဖြစ်ဖြစ်၊ ဆမီးမြို့ကဖြစ်ဖြစ် ဆန်တွေ သယ်လို့ရအောင် လုပ်တာ ဖြစ်တယ်”ဟု ပြောသည်။

စစ်ပွဲပြင်းထန်လာမှုကြောင့် ပလက်ဝ  ကျောက်တော်သွား ရေယာဉ်များနှင့် ကားလိုင်းများ သွားလာ၍ မရသည်မှာ တစ်လကျော်နေပြီ ဖြစ်ကြောင်း၊ ခရီးသွားလာခြင်း၊ ဆေးဝါးများ ဝယ်ယူခြင်း၊ ကုန်သွယ်ခြင်းနှင့် စားနပ်ရိက္ခာ သယ်ဆောင်ခြင်း လွတ်လပ်စွာ မပြုကြရသောကြောင့် ပလက်ဝမြို့နယ်တွင် စားနပ်ရိက္ခာပြတ်လပ်ပြီး မိသားစုအများစုမှာ ဆန်ပြုတ် စားသုံးနေရပြီဖြစ်သည်။

ပလက်ဝဒေသခံ ဦးစံမြက “ဆမီးမှာ ချင်းပြည်နယ်အစိုးရက သဘာဝဘေးနဲ့ စစ်ဘေးအတွက် ထားတဲ့ ဆန်အိတ်ခြောက်ရာကျော်လောက်ရှိတယ်၊ ဒါကို ဘယ်ကားသမားကမှ သွားမတင်ရဲဘူး၊ ပလက်ဝမြို့နယ်အတွင်းမှာ အနီးနားကျေးရွာတွေမှာရှိတဲ့ ရွာတွေက ရေလမ်းကြောင်းတို့ မပိတ်ခင်က ဝယ်ထားတဲ့ ဟာတွေကို ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းတွေကို တစ်ယောက်ကို တစ်ယောက် အလဲအလှယ်လုပ်ပြီး စားသောက်နေကြရတယ်၊ စျေးမှာလည်း ဆန်ရောင်းတဲ့ ဆိုင်တွေ ပိတ်ထားလိုက်ရပြီ”ဟုပြောသည်။

စားနပ်ရိက္ခာပြတ်လပ်မှု ဆက်လက် ရင်ဆိုင်နေရပါက မလိုလားအပ်သည့် ပြဿနာဖြစ်သည့် ခိုးမှု၊ လုယက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ရာ အများပြည်သူတို့၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိဘပြည်သူများ မေတ္တာရပ်ခံ အသိပေး တင်ပြစာတွင် ပါရှိသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...