ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံနှစ်ဦး လွတ်မြောက်လာ

ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံနှစ်ဦး လွတ်မြောက်လာ

ဝင်းညွန့် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦး မတ်လ ၁၀ ရက် နံနက် ၉ နာရီကျော်ခန့်က ပြန်လည်လွတ်မြောက်လာသည်။

ခေါင်းတုတ်ကျေးရွာမှ ဦးမောင်ရွှေအေး (၅၄ နှစ်)နှင့် စဖိုသားကျေးရွာမှ ဦးကျော်ငြိမ်း (၅၃) နှစ်တို့သည် မတ်လ ၈ ရက်နေ့၊ နေ့လယ်ပိုင်းက ခေါင်းတုတ်ကျေးရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်မှု ရှိ၊မရှိ မေးမြန်းစစ်ဆေးပြီးနောက် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူ ဦးမောင်ရွှေအေးက DMG သို့ပြောသည်။

“ကျနော်တို့ကို မျက်နှာဖုံးပြီးတော့ AA နဲ့ ဆက်စပ်မှုရှိလားဆိုပြီးတော့ စစ်တယ်။ ကျနော်တို့နှစ်ယောက် ဆက်စပ်မှုမရှိဘူးဆိုပြီးတော့ ဖြေလိုက်တယ်” ဟု ၎င်းကဆိုသည်။

ဦးမောင်ရွှေအေးမှာ တာဝါတိုင်ဝန်ထမ်းတစ်ဦးဖြစ်ပြီး နာဂရာ ကျေးရွာသို့ တာဝါတိုင်ပြင်ရန် သွားရောက်ပြီး မိမိကျေးရွာသို့ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့ပြင် ဦးကျော်ငြိမ်းမှာလည်း ဦးမောင်ရွှေအေးနှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များထံက သိရသည်။

“လွတ်လာတာကတော့ AA နဲ့ဆက်စပ်မှုမရှိဘူးဆိုပြီးတော့ လွတ်တာတာ။ ဘယ်တပ်ရင်းလည်း ဆိုတာတော့ မျက်နှာဖုံးစွပ်ထားလို့ ကျနော်တို့လည်းမမြင်ရဘူး” ဟု လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျောက်တော်အပါအဝင် မြို့နယ်အမြောက်အများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...