ရခိုင့်ဦးဆောင်ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဦးကျော်လွင်)

ရခိုင့်ဦးဆောင်ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဦးကျော်လွင်)
ရခိုင့်ဦးဆောင်ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဦးကျော်လွင်)
ရခိုင့်ဦးဆောင်ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဦးကျော်လွင်)

လက်ရှိဖြစ်ပေါ်နေသော ရခိုင်နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)က စီစဉ်ခဲ့သော်လည်း ရခိုင့်ဦးဆောင်ပါတီ(AFP) မတက်ရောက်သောကြောင့် ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်သည်။

မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ရန် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့ကိုဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ANP သာတက်ရောက်ပြီး AFP တက်ရောက်လာခြင်းမရှိပေ။

“ကျွန်တော်တို့က ANP နဲ့ AFP နှစ်ပါတီလုံးကို ဖိတ်တာ။ AFP က မရောက်ဖြစ်တဲ့အခါ ကျွန်တော်တို့က ပါတီမစုံတဲ့အတွက်ကြောင့် နောက်တစ်ဆင့် ထပ်ပြီးချိန်းမယ်လို့ သဘောတူခဲ့ကြတယ်” ဟု ALD ဥက္ကဌ ဦးကျော်မြင့်က ပြောသည်။

ရခိုင်နိုင်ငံရေးအခြေအနေများကို ပါတီစုံဆွေးနွေးလျှင် ပိုကောင်းမည်ဟုဆိုသည်။ သို့သော် မည်သည့်နေ့တွင် ဆွေးနွေးပွဲထပ်မံပြုလုပ်မည်ကို သေသေချာချာ မသိရသေးပေ။

“ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပျက်နေတာတွေကို ညီညီညွတ်ညွတ်နဲ့ ဘယ်လိုစုပေါင်းပြီးလုပ်ကြမှာကို တိုင်ပင်ကြဖို့အတွက်ပါ ” ဟု ဦးကျော်မြင့်က ဆိုသည်။

ယင်းနိုင်ငံရေး ဆွေးနွေးပွဲကို မတက်ရောက်ခြင်းမှာ ကြားခံအဖွဲ့အစည်းတစ်ခုက ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ ALD ပါတီက ဖိတ်ခေါ်ခြင်းဖြစ်သဖြင့် မတက်ရောက်ခြင်းဟု AFP ဒုဥက္ကဌ ဦးကျော်လွင်က ယူဆသည်။

“အမှန်က နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုရင် အားလုံး ပါတီကို ခေါ်ပြီး ကြားခံတစ်ခုကခေါ်ပြီးမှ ပါတီတွေ အားလုံးစုစည်းပြီး လက်ရှိနိုင်ငံရေးကို ဘယ်လိုသွားမလဲလို့ ဆွေးနွေးသင့်တယ်လို့မြင်တယ်။ အခုက ဒီလိုမဟုတ်ဘဲ ALD ကဦးဆောင်ပြီးခေါ်တဲ့အတွက် မတက်ဖြစ်လို့ ကျွန်တော်မြင်တယ် ” ဟု ဦးကျော်လွင်ကပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။ ANP ကို ၂၀၁၄ ခုနှစ်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) နှင့် ရခိုင်တိုင်းရင်းသားတိုး တက်ရေးပါတီ (RNDP) နှစ်ပါတီပေါင်းစည်းပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ရခိုင်အမျိုးသားပါတီ(ANP)သည် ၂၀၁၅ ခု ရွေးကောက်ပွဲအလွန်ကာလတွင် ပါတီတွင်း စည်းလုံးမှုပြိုကွဲပြီး ALD အခြမ်းမှ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသူများသည် မူလ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အမည်ဖြင့် ၂၀၁၇ ခုနှစ်တွင် ပါတီပြန်လည်ထူထောင်ခဲ့သည်။

အလားတူ ANP ပါတီမှ ထုတ်ပယ်ခံရသူတစ်ချို့နှင့် နှုတ်ထွက်သူတစ်ချို့တို့ကလည်း ရခိုင့်ဦးဆောင်ပါတီ(AFP)ကို တည်ထောင်ထားသည်။ ယင်းပါတီကို ဒေါက်တာအေးမောင် ဦးဆောင်တည်ထောင်သည်ဟု ထင်ရှားပြီး လက်ရှိတွင် သားဖြစ်သူ ပြည်နယ်လွှတ်တော်အမတ် ဦးတင်မောင်ဝင်းနှင့် ဒေါက်တာအေးမောင်ကို ထောက်ခံသူများက ဦးဆောင်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် ကျင်းပ၊ မကျင်းပ သေသေချာချာ မသိရသေးပေ။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...