အမ်းမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူခွင့်မရသဖြင့် ဒေသခံ တစ်သောင်းကျော် ရိက္ခာပြတ်လပ်

အမ်းမြို့နယ်တွင် စားနပ်ရိက္ခာသယ်ယူခွင့်မရသဖြင့် ဒေသခံ တစ်သောင်းကျော် ရိက္ခာပြတ်လပ်

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်မရသဖြင့် ကျေးရွာပေါင်း (၃၈) ရွာမှ ဒေသခံ ၁၀၀၀၀ ကျော်မှာ ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။

ဒါးလက်ကျေးရွာအုပ်စုတွင် ရခိုင်တိုင်းရင်းသား ၃၀ ရာခိုင်နှုန်းခန့်နှင့် ချင်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိသည်။

၎င်းဒေသခံများမှာ အထောက်ထားအပြည့်အစုံဖြင့် အစောင့်ဂိတ်များကိုတင်ပြကာ ရိက္ခာသယ်ယူ၍သော်လည်း တစ်နပ်စာသာ သယ်ယူခွင့်ပေးကြောင်း ဒါးလက်ရှမ်းကုန်းကျေးရွာမှ ဦးတင်ဦးက DMG သို့ပြောသည်။

“ဒီအတိုင်းပိတ်နေရင်တော့ကျနော်တို့အငတ်နေရတော့မယ်။ ရွာမှာဆန်တစ်အိတ်ကို ငါးသောင်းပေးပြီး ဝယ်မယ်ဆိုရင်တောင် ရောင်းမယ့်သူမရှိဘူး”ဟု ၎င်းကဆိုသည်။

ဒါးလက်ကျေးရွာအုပ်စုအတွင်းက ဒေသခံများမှာ စားနပ်ရိက္ခာများကို မင်းပြား၊ မြောက်ဦးနှင့် ကန်းထောင်းကြီး မြို့နယ်များမှ ဝယ်ယူစားသုံးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှစတင်ပြီး တပ်မတော်မှ စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်လိုက် သဖြင့် ယခုအခါ အခက်ခဲဖြစ်ပေါ်နေရကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်က ပြောသည်။

“အရင်တုန်းကတော့ ဆန်တွေနည်းနည်းလောက်တင်လို့ရသေးတယ်။ အခုအခါမှာ ဆန်သယ်ယူဖို့အတွက် အသနားခံစာတင်ပြီးတော့ သယ်ယူခွင့်တောင်းရင်တောင်မှ ဆန်တစ်ပြည်လောက်ပဲတင်ရတယ်။ အဲဒါတောင် တစ်ယောက်တစ်လေပဲယူလို့ရတာ။ ကျနော်တို့ ဆက်ပြီးတော့ဘယ်လိုစားရမလဲ” ကိုမျိုးလွင်က ဆိုသည်။

ယခုကဲ့သို့ လမ်းပိတ်ထားခြင်းမှာ လက်နက်ကြီးများပစ်နေကြသည့်အတွက်ကြောင့်သာဖြစ်ပြီး လက်နက်ကြီး ပစ်ခြင်းများရပ်ပါက လမ်းပြန်ဖွင့်ပေးရန်တောင်းဆိုသွားမည့်အစီအစဉ်များရှိကြောင်း အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG ကဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...