ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်ကြောင့် ဘာသာရေးပွဲများ မပြုလုပ်ရန် စာထုတ်ပြန်မည်

ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်ကြောင့် ဘာသာရေးပွဲများ မပြုလုပ်ရန် စာထုတ်ပြန်မည်

တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်ကြောင့် ပြည်နယ်အတွင်း ဘာသာရေးပွဲများ မပြုလုပ်ရန် စာထုတ်ပြန် အသိပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ပြောသည်။

“ပြည်သူပညာပေးကတော့ သီးသန့်ပေးတာတော့ မရှိဘူး၊ မိုဘိုင်းလ်အသိပညာပေးတာတွေ ပိုစတာကပ်တာတွေလုပ်တယ်၊ အခုလမ်းညွှန်ချက်က လူအများစုဝေးတဲ့ပွဲလေးတွေ မလုပ်ဖို့ပေါ့၊ အခုလက်ရှိမှာဆိုရင် တပ်မတော်နေ့မလုပ်တော့ဘူး”ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။

နယ်စပ်အဝင်အထွက်ဂိတ်များတွင် ရောဂါ ရှိမရှိ တိုင်းတာမှုများလည်း ဆောင်ရွက်နေပြီး သံသယရှိလူနာများတွေ့ရှိပါက ချက်ချင်းအသိပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကင်းဝေးနိုင်ရေး ပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ သရုပ်ပြခြင်းများကို ပြည်နယ်ကျန်းမာရေးဌာနက နေ့စဉ် ဆောင်ရွက်နေကြောင်းသိရပြီး မတ်လ ၂ရက်နေ့တွင်လည်း ဟားခါးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမတွေ့ရှိသေးသော်လည်း သံသယရှိလူနာအဖြစ် စောင့်ကြည့်နေရာသူ ၄ဝကျော်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း၈၇ နိုင်ငံသို့ ပျံ့နှံ့နေပြီဖြစ်ပြီး လူဦးရေ ၉၈၁၀၂ဦးအထိ ကူးစက်ခံရကာ သေဆုံးသူ ၃၃၈၆ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...