ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်ကြောင့် ဘာသာရေးပွဲများ မပြုလုပ်ရန် စာထုတ်ပြန်မည်

ကိုရိုနာဗိုင်းရပ်(စ်)အန္တရာယ်ကြောင့် ဘာသာရေးပွဲများ မပြုလုပ်ရန် စာထုတ်ပြန်မည်

တစ်ကမ္ဘာလုံးတွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်ကြောင့် ပြည်နယ်အတွင်း ဘာသာရေးပွဲများ မပြုလုပ်ရန် စာထုတ်ပြန် အသိပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ပြောသည်။

“ပြည်သူပညာပေးကတော့ သီးသန့်ပေးတာတော့ မရှိဘူး၊ မိုဘိုင်းလ်အသိပညာပေးတာတွေ ပိုစတာကပ်တာတွေလုပ်တယ်၊ အခုလမ်းညွှန်ချက်က လူအများစုဝေးတဲ့ပွဲလေးတွေ မလုပ်ဖို့ပေါ့၊ အခုလက်ရှိမှာဆိုရင် တပ်မတော်နေ့မလုပ်တော့ဘူး”ဟု ပြည်နယ်လူမှုရေးဝန်ကြီးက ပြောသည်။

နယ်စပ်အဝင်အထွက်ဂိတ်များတွင် ရောဂါ ရှိမရှိ တိုင်းတာမှုများလည်း ဆောင်ရွက်နေပြီး သံသယရှိလူနာများတွေ့ရှိပါက ချက်ချင်းအသိပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကင်းဝေးနိုင်ရေး ပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့ သရုပ်ပြခြင်းများကို ပြည်နယ်ကျန်းမာရေးဌာနက နေ့စဉ် ဆောင်ရွက်နေကြောင်းသိရပြီး မတ်လ ၂ရက်နေ့တွင်လည်း ဟားခါးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမတွေ့ရှိသေးသော်လည်း သံသယရှိလူနာအဖြစ် စောင့်ကြည့်နေရာသူ ၄ဝကျော်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်မှာ နိုင်ငံပေါင်း၈၇ နိုင်ငံသို့ ပျံ့နှံ့နေပြီဖြစ်ပြီး လူဦးရေ ၉၈၁၀၂ဦးအထိ ကူးစက်ခံရကာ သေဆုံးသူ ၃၃၈၆ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...