ချင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူ နှစ်ထောင်ကျော် တိုးလာ

ချင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်သူ နှစ်ထောင်ကျော် တိုးလာ

ချင်းပြည်နယ်တွင် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူ  ဦးရေ ၂၀၀၀ ကျော် တိုးလာကြောင်း ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ပြောသည်။

"ဖြေဆိုမယ့် လူဦးရေကတော့ မနှစ်ကထက် ၂၀၀၀ ကျော် တိုးလာတယ်”ဟု ပြည်နယ်ပညာရေးမှူးက ပြောသည်။

ယမန်နှစ်၂၀၁၉ တွင် ချင်းပြည်နယ် တက္ကသိုယ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျား ၅၁၇၃ ဦး၊ မ ၆၉၁၄ ဦး၊ စုစုပေါင်း ၁၂၀၀၄ ဦးရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ဖြေဆိုမည့်သူ စာရင်း ၁၄၁၆၅ ဦး ရှိလာကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်း အောင်ချက် ၁၉.၅၉ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် ဒုတိယအနိမ့်ဆုံးဖြစ်ခဲ့ပြီး ယခုပညာသင်နှစ်တွင် အောင်ချက် ၂၅ ရာခိုင်နှုန်းထိ မျှော်မှန်းထားကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွင်မင်ထန်က ပြောသည်။

 "၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာကတော့ ကျွန်တော်တို့ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းလောက်ကိုတော့ မျှော်မှန်းထားတယ်၊ တွန်းဇံမြို့နယ်မျိုးမှာဆိုရင် စာစစ်ဌာနတွေ ၅ ကျောင်းထိ တိုးပေးတယ်၊ ဒါပေမဲ့ မနှစ်ကလိုမျိုးဆိုရင် ပလက်ဝက ဒေသအတွင်း အခြေအနေကြောင့် အောင်ချက်ဆွဲကျတာတွေ ရှိတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်ချက် အများဆုံး ရရှိသည့် မြို့နယ်မှာ ၂၉.၄၃ ရာခိုင်နှုန်းရရှိပြီး အနည်းဆုံးရရှိသည့် ပလက်ဝမြို့နယ်မှာ ၆.၈၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

ဆက်ပြီး သူက “ပလက်ဝမြို့နယ်မှာလည်း စာစစ်ဌာန ငါးခုရှိတယ်၊ တက္ကသိုလ်ဝင်တန်းတွေလည်း ဖြေဆိုနိုင််တဲ့ အနေအထားမှာ ရှိတယ်၊ ဆမီးတို့ဆိုလည်း အဆင်ပြေတယ်၊ ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ရဟတ်ယာဉ်နဲ့ မေးခွန်းတွေ ပို့ပေးမယ်” ဟု ပြောသည်။

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်း နှစ်အလိုက် အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၁၇.၈၅၊ ၂၀၁၆ ခုနှစ်တွင် ၁၄.၃၆၊ ၂၀၁၇ ခုနှစ်တွင် ၁၉.၀၄၊ ၂၀၁၈ ခုနှစ်တွင် ၁၆.၆၄ အသီးသီး ရရှိသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...