ဖာပွန်ဒေသ စစ်ပြေးရှောင်များကို ပြည်ပရောက် ကရင်များ ထောက်ပံ့ကူညီမည်

ဖာပွန်ဒေသ စစ်ပြေးရှောင်များကို ပြည်ပရောက် ကရင်များ ထောက်ပံ့ကူညီမည်

စအိုင်ဆူး — လတ်တလော ပဋိပက္ခများကြောင့် ဖာပွန်ဒေသတွင် စစ်ပြေးရှောင်နေသူများအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးနိုင်ရန် နိုင်ငံတကာရောက် ကရင်များက စီစဉ်နေကြောင်း တာဝန်ရှိသူများက ပြောသည်။

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံရွာသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသလို နှစ်ထောင်ကျော်မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး ကူညီထောက်ပံ့မှုများ လိုအပ်ခြင်းကြောင့် ယခုလို စီစဉ်နေရခြင်းဖြစ်သည်ဟု နော်ဝေးရောက် စောဆာ့ကပေါ်ဝါးက ပြောသည်။

၎င်းက “ကျနော်နဲ့ ကျနော့်သူငယ်ချင်းနှစ်ယောက် ပြန်ပြီး ကူညီပေးမယ်။ အမေရိကန်က သူငယ်ချင်း တစ်ယောက်နဲ့ ဒေါ်လာ ၂၅၀၀ မတည်ပြီးတော့ အွန်လိုင်းရန်ပုံငွေ ဖွင့်လိုက်တယ်။ တကယ်လို့ ရန်ပုံငွေရရင် လူသောတောင် ပေါ်ပြန်ပြီး စစ်ပြေးရှောင်နေရတဲ့ ကျနော်တို့ ကရင်တွေကို ပြန်ကူညီမယ်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အွန်လိုင်းရန်ပုံငွေအကောင့်ဖွင့်ပြီးနောက် နိုင်ငံတကာရောက် ကရင်အသိုင်းအဝိုင်းက ဝိုင်းဝန်းထည့်ဝင်ခြင်းကြောင့် လေးရက်အတွင်း အမေရိကန်ဒေါ်လာ ငါးသောင်းရရှိခဲ့ပြီး ထပ်မံ ဝင်ရောက်လာမည်စိုး၍ ရန်ပုံငွေအကောင့်ကို ပိတ်ထားရကြောင်းလည်း စောဆာ့ကပေါ်ဝါးက ပြောသည်။

အဆိုပါရန်ပုံငွေများဖြင့် စစ်ပြေးရှောင်ဒေသသို့ ယခုလအတွင်း ပြန်လာ၍ လိုအပ်သည့် အဓိက စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အကာအကွယ်ပစ္စည်းများအပြင် ငွေကြေးများကိုပါ ဒေသတာဝန်ရှိသူများနှင့် ပူးပေါင်း ကူညီထောက်ပံ့သွားမည်ဟု သိရသည်။

ဖေဖော်ဝါရီလ ပထမအပတ်ခန့်က  လူသောမြို့နယ် တကူဒဲကျေးရွာအတွင်းသို့ တပ်မတော်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် လူဦးရေ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် ပဋိပက္ခဒေသ၌ စစ်ဘေးသင့်ပြည်သူ လူဦးရေ ၂,၁၃၇ ဦး ရှိနေကြောင်း နယ်မြေခံ တာဝန်ရှိသူများနှင့် ကရင် အရပ်ဖက်အဖွဲ့အစည်းများ ကောက်ခံထားသည့် စာရင်းများအရ သိရသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူများထဲတွင် အချို့မှာ နာမကျန်း သက်ကြီးရွယ်အိုများပါဝင်သလို ကျောင်းသား ကလေးငယ်များလည်းပါဝင်ကာ ကျန်းမာရေးနှင့် ပညာရေးအခက်အခဲများရှိနေကြောင်း၊ ၎င်းကိစ္စကို ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဗဟို ဌာနအဆင့်ဆင့်သို့ တင်ပြထားကြောင်း KNU မူတရော်ခရိုင်က ဆိုထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...