ရခိုင်တွင် စစ်ဘေးသင့်ဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ရှိလာ

ရခိုင်တွင် စစ်ဘေးသင့်ဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ရှိလာ
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ခွေးသေ စစ်ဘေးရှာင်စခန်းမှ မိသားစုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ခွေးသေ စစ်ဘေးရှာင်စခန်းမှ မိသားစုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)

မြတ်ဆွေ — ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ ပြားလာပြီး စစ်ဘေးသင့်ဒုက္ခသည် စုစုပေါင်း (၁၂၈၄၃၅)ဦးအထိရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်ဘေးသင့်ပြည်သူများ၏ စာရင်းကို ကောက်ယူနေသည့် REC ၏ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် စာရင်းတွင် စစ်ဘေးသင့်ဒုက္ခသည် (၁၀၆၆၁၄)ဦးရှိခဲ့သည်။ သို့သော် ဖေဖော်ဝါရီလအတွင်းတွင် တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့သောကြောင့် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့်မြို့နယ်များတွင် စစ်ဘေးသင့်ဒုက္ခသည် တိုးများလာခြင်းဖြစ်သည်။

စစ်ဘေးသင့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာအခက်အခဲနှင့် စစ်ဘေးရှောင်စခန်းရှိ ယာယီတဲများပြိုပျက်လာနေ ခြင်းတို့ကြောင့် နေရာထိုင်ခင်း အခက်အခဲရှိနေကြသည်ဟု REC ဥက္ကဌ ဦးရွှေဘော်စိန်က ပြောသည်။

“အခုအချိန်က ဆောင်းရာသီကုန် နွေရာသီကိုပြောင်းလာစဖြစ်တော့ စစ်ဘေးရှောင်စခန်းတွေကကလေး တွေနှာစေးတယ်။ ရာသီတုပ်ကွေးတွေဖြစ်လာကြတယ်။ ရေတွေကလည်း မသန့်ရှင်းတော့ ယားယံပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်တာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

စစ်ဘေးသင့်ဒုက္ခသည် အများဆုံးရှိနေသည့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က မြို့နယ် (၉)မြို့နယ်ကို အစိုးရက အင်တာနက်ပိတ်ထားသည်။ ထိုသို့အင်တာနက်ပိတ်ထားခြင်းကြောင့် စစ်ဘေးသင့်ဒုက္ခသည်များမှာ စားဝတ် နေရေးအတွက် အခက်အခဲဖြစ်ပေါ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူများက ဆိုကြသည်။

“အင်တာနက်ပိတ်ထားတော့ စစ်ဘေးရှောင်တွေအတွက် အွန်လှိုင်းပေါ်တွေမှာအလှူခံလို့မရတော့ဘူး။ဆို တော့ ထောက်ပံ့မှုနည်းလာတဲ့အတွက် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်”ဟု မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး မိုင်းထိမှန်မှု၊ ပစ်ခတ်ခံရမှု၊ ကျည်ထိမှန်မှုတို့ကြောင့် အရပ်သား (၁၃၀)ကျော်သေဆုံးကာ ဒဏ်ရာရသူ (၃၆၀) ကျော်အထိရှိလာသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...