ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံရ

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံရ

ချလူးအောင် — ဘူးသီးတောင်မြို့နယ်၊ တောင်ပဇာကျေးရွာအုပ်စု၊ ပန်ဇိမွတ်ဆလင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အသတ်ခံခဲ့ရသည်ဟု မိသားစုဝင်များထံက သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၇ နာရီခန့်က ပန်ဇိကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အိဒရီမ် (၄၂နှစ်)ကို အမည်မသိလူလေးဦးခန့်က မျက်နှာနှင့်လည်ပင်းတို့ကို ဓားဖြင့်ခုတ်ခဲ့သဖြင့် သေဆုံးသွားခြင်းဟု ညီဖြစ်သူ မာမတ်အိစ္စပ်က DMG သို့ပြောသည်။

“ကျနော့်အကိုအိမ်မှာက အမျိုးသမီး ၂ ဦးပဲရှိတယ်။ ည ၇ နာရီလောက်မှာ လူစိမ်း ၄ ဦး အိမ်ထဲဝင်လာပြီး ကျနော့်အကိုကို အိမ်ပြင်ကိုခေါ်ထုတ်ပြီး သတ်လိုက်ကြတာ။ လူစိမ်းတွေက ဘယ်သူဖြစ်တယ် ဘယ်လိုလူမျိုးလဲဆိုတာ မသိလိုက်ပါဘူး” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ လာရောက်သတ်ဖြတ်သွားသူများမှာ ARSA အဖွဲ့ဝင်များဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တောင်ပဇာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း မိသားစုဝင်များထံက သိရသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားရသည်ဟု နိုင်ငံတကာက ပြောဆိုထားသည်။

ယင်းဖြစ်စဉ်အတွင်း ပန်ဇိကျေးရွာမှ မွတ်ဆလင်အများအပြားလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားပြီး တစ်ချို့ဒေသခံများမှာ ARSA အဖွဲ့၏ သတ်ဖြတ်မှုခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...