ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုခြင်းသည် ပြည်နယ်ဒေသခံများ၏ လွတ်လပ်သော သဘောထားကို စွက်ဖက်မှု ရှိလာနိုင်ဟု ပါတီများပြော

ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုခြင်းသည် ပြည်နယ်ဒေသခံများ၏ လွတ်လပ်သော သဘောထားကို စွက်ဖက်မှု ရှိလာနိုင်ဟု ပါတီများပြော

စောထွန်းလင်း — မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များအနေဖြင့် ရောက်ရှိရာဒေသ၌ ရက် ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ပြု ခြင်းသည် ပြည်နယ်အချို့ရှိ ဒေသခံများ၏ လွတ်လပ်သော သဘောထားအပေါ် စွက်ဖက်မှုများရှိလာနိုင်သည် ဟု အစဉ်အလာရှိ တိုင်းရင်းသားပါတီများ ပါဝင်သည့် ပါတီ ၁၄ ခုက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် သဘောထား ထုတ်ပြန်ပြောဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေကို ပဥ္စမအကြိမ်ပြင်ဆင်ရာတွင် ပုဒ်မ ၁၀ ၌ အနည်းဆုံး ရက်ပေါင်း ၁၈၀ အစား၊ ရက် ၉၀ သို့ ပြင်ဆင်သတ်မှတ်ခြင်းအပေါ် ယခုလို ပါတီ ၁၄ခုက သဘောထားထုတ်ပြန် ပြောဆို ခြင်း ဖြစ်သည်။

“ တိုင်းရင်းသားနယ်မြေတွေကို ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်လာတာတို့၊ စီးပွားရေးလုပ်ငန်း အစုအဖွဲ့ တွေ ရွှေ့လာတာတို့ဆိုရင် ဒေသခံတွေရဲ့ ရပိုင်ခွင့်က အချိုးပြောင်းသွားမှာပေါ့လေ၊ အဲ့ဒီအတွက် ထုတ်ပြန်ပြော ရ တာပါ” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က ကေအိုင်စီသို့ ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုလို ရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ခြင်းသည် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်ဟု အကြောင်းပြသော်လည်း ရက် ၉၀ နေရုံဖြင့် ဒေသကိုယ်စားလှယ်အား မဲပေးရွေးချယ်ခွင့်ရရှိ ခြင်းသည် မူလဒေသခံ တိုင်းရင်းသားများ၏ ဆန္ဒကို ဝင်ရောက်စွက်ဖက်ခွင့် ပေးသကဲ့သို့ ဖြစ်နေကြောင်း၊ မဲ စာ ရင်း ပြုစုရာတွင်လည်း အိမ်ထောင်စု စာရင်းကိုသာ အခြေခံပြုစုသည့်အတွက် ရက် ၉၀ နေထိုင်သည်ဆိုသည့် အချက်ကို မည်သည့်အချက်ဖြင့် အတည်ပြုမည်ဆိုသည့် အချက်သည် အငြင်းပွားစရာ ဖြစ်နေသည်ဟု ထုတ် ပြန်ချက်တွင် ထောက်ပြထားသည်။

ထို့ကြောင့် ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ရာတွင် အများပြည်သူအတွက် လွတ်လပ်ပြီး တရားမျှတရေး ကိုသာ ဦးစားပေးပြင်ဆင်သင့်သလို တစ်စုတစ်ဖွွဲ့ အသာစီးရရေးအတွက် ပြင်ဆင်ချက်များ မဖြစ်သင့်ကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကြွေးကြော်နေသကဲ့သို့လက်တွေ့ နယ်ပယ်၌စည်းလုံး ညီညွတ်ရေး ထိခိုက်စေသည့် လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထား သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားပါတီများနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ အပါအဝင် ၁၄ ပါတီက ထုတ်ပြန်ခြင်းဖြစ်သည်။

“ပါတီကြီး တခုက အားသာအောင် လုပ်တဲ့သဘောတော့ရှိတယ်။ ကရင်ပြည်နယ်မှာက မြဝတီမှာဆို ရွှေ့ ပြောင်းလုပ်သားတွေများတယ်။ အဲ့ပေါ် ဘယ်လို သုံးသပ်ရမလဲတောင် မသိဘူး။ တစ်ဦးထဲအမြင်ပြောရရင် တိုင်းရင်းသား အားလုံးနဲ့ခြုံကြည့်ရင် အခုလို ပြင်ဆင်တာ မလုပ်သင့်ဘူး” ဟု ဖားအံမြို့ အခြေစိုက် ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ တွင် ယခင်က မဲဆန္ဒနယ် ပြင်ပရောက်နေသူများအနေဖြင့် ရောက်ရှိ ဒေသတွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်နေထိုင်ပါက ရောက်ရှိမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိပြီး ယခု ပြင်ဆင်ချက်တွင် ရက် ၉၀ ဟု ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...