ရခိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပါက ဖြစ်လာနိုင်သည့် လုံခြုံရေး စိန်ခေါ်မှုများကို ဆွေးနွေး

ရခိုင်တွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပါက ဖြစ်လာနိုင်သည့် လုံခြုံရေး စိန်ခေါ်မှုများကို ဆွေးနွေး

မင်းထွန်း — ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် ၂၀၂၀ ရွေးကောက်ပွဲပြုလုပ်ပါက ရွေးကောက်ပွဲကာလတွင် တာဝန်ထမ်းဆောင်မည့် ကော်မရှင်အဖွဲ့ဝင်များ၏ စိုးရိမ်စရာဖြစ်ပေါ်နိုင်လာသည့် အရာများနှင့်ပတ်သက်၍ စစ်တွေမြို့တွင် နှစ်ရက်တိုင်တိုင်ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ရက်နေ့မှ ၂၈ ရက်နေ့အထိပြုလုပ်ခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် လုံခြုံရေးအရာရှိများ၊ အရပ်ဖက်အဖွဲ့အစည်းများ ဆွေးနွေးခဲ့ကြသည်။

“ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ တိုက်ပွဲနဲ့ဆက်စပ်တဲ့အရာတွေပေါ့။ မဲရုံဝန်ထမ်းတွေကို ခြိမ်းခြောက်တာမျိုး၊ ဒါမှမဟုတ်ရင် နှစ်ဖက်အဖွဲ့ အစည်းက သံသယတွေဖြစ်ပြီးတော့မှ ဖမ်းဆီးစစ်ဆေးတာမျိုး၊နောက် မဲရုံမှူးနဲ့အဖွဲ့တွေကို လွှမ်းမိုးခြယ်လှယ်တာမျိုး အဲဒါတွေကိုပဲ ဦးစားပေးဆွေးနွေးဖြစ်တာ” ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကော်မရှင်အရာရှိ ဦးသူရိန်ထွန်းကပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၂၀ ရွေးကောက်ပွဲဖြစ်လာနိုင်ခြေ ရှိ/မရှိအခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် ရွေးကောက်ပွဲဖြစ်လာလျှင် လုံခြုံရေးဆောင်ရွက်ရမည့်အပိုင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်ဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က တာဝန်ခံ မဦးခိုင်သိန်း ကပြောသည်။

“ တကယ်လို့များ ဖြစ်နိုင်တဲ့အခြေအနေဘက်က ဆွေးနွေးတဲ့အခါမှာ လုံခြုံရေးပိုင်းအရ ရဲဌာနတွေက တာဝန်ယူရတာဆိုတော့ သူတို့ကသွားနိုင်မလား၊ မြို့ပေါ်ကိုပဲ သွားမလား နယ်ကိုကောသွားနိုင်မလား၊ ပြီးရင် ရဲဝန်ထမ်းတွေက လုံလောက်မလား၊ စိုးရိမ်ချက်တွေ အများကြီးရှိတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲပြုလုပ်မည်ဟု ညွန်ကြားလာလျှင် ရခိုင်ပြည်နယ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းကပင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယင်းဒေသများတွင် ရွေးကောက်ပွဲ ကျင်းပ၊ မကျင်းပဆိုသည်ကို ပြည်သူများစိတ်ဝင်စားနေကြသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...