မီဇိုရမ်ပြည်နယ်မှ မြန်မာပြည်သို့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရန် ညွှန်ကြား

မီဇိုရမ်ပြည်နယ်မှ မြန်မာပြည်သို့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရန် ညွှန်ကြား

Salai C.Lian — အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် နယ်စပ်ဂိတ်များသို့ တင်ပို့သည့် ကွမ်းသီး၊ မြေသြဇာများကို ဖမ်းဆီးရန် မီဇိုရမ်အစိုးရမှ အာသံတပ်ဖွဲ့နှင့် ရဲတပ်ဖသို့ ညွှန်ကြားလိုက်ကြောင်း မီဇိုရမ်ပြည်နယ် အခြေစိုက် သတင်းဌာနများကဖော်ပြသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်သူများအနေဖြင့် မြန််မာနိုင်ငံမှ ချင်းပြည်နယ်အတွင်း ၁၆ မိုင်ထိ သွားရောက်နိုင်ရန် မီဇိုရမ်ပြည်နယ် နိုင်ငံခြားရေးရာ ဝန်ကြီးဌာန (Ministry of External Affairs)မှ ဆောင်ရွက်ရေး ပြီးခဲ့သည့် အင်္ဂါနေ့တွင် နှစ်နိုင်ငံ အလွယ်တကူသွားလည်ပတ်နိုင်ရေး အစည်းအဝေးတွင် ထည့်သွင်းဆုံးဖြတ်ခြင်းဖြစ်သည်။

မီဖိုရမ်ဖက်မှ ချင်းပြည်နယ် ရိဒ်ရေကန်ထိ သွားရောက်လည်ပတ်နိုင်ရန် နိုင်ငံကူးလက်မှတ်များကို အမြန်ဆုံးပြုလုပ်သွားမည်ဖြစ်ပြီး သွားရောက်လည်ပတ်ရန်အတွက် ကားလိုင်းကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း နယ်စပ်မှတာဝန်ရှိသူတစ်ယောက်က ပြောကြားသည်။

မြန်မာဖက်မှ မီဇိုရမ်ပြည်နယ်အတွင်း သွားလည်ပတ်ရာတွင် အသုံးပြုသည့် 125 ဆိုင်ကယ်၊

ကွမ်းသီး၊ မြေသြဇာများကို ဖမ်းဆီးပေးရန် အာသံတပ်ဖွဲ့နှင့် ပြည်နယ်ရဲ တပ်ဖွဲ့များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

Mizo Zirlai pawl အဖွဲ့အစည်းမှ မြန်မာပြည်ဖက်မှ တရားမဝင် သယ်ဆောင်လာသည့် ကုန်အားလုံးကို ဖမ်းဆီးပေးရန်ချင်း ပြည်နယ်အစိုးရမှတစ်ဆင့် အာသံတပ်ဖွဲ့ကို တောင်းဆိုခဲ့ပြီး၊ မီဇိုရမ်မှ မြန်မာပြည်သို့ ပို့ဆောင်သည့် မြေသြဇာသည်များ ၊လယ်သမားများ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယဗဟိုအစိုးရမှ ကူညီထောက်ပံ့ခြင်းကြောင့် ယခုလုပ်ရပ်များကို ရူပ်ချကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့သည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...