တတိယအကြိမ် ကျောက်မျက်ပြပွဲ မျှော်မှန်းအရေအတွက်၏ တစ်ဝက်သာ ပြသနိုင်ခဲ့

တတိယအကြိမ် ကျောက်မျက်ပြပွဲ မျှော်မှန်းအရေအတွက်၏ တစ်ဝက်သာ ပြသနိုင်ခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် တတိယအကြိမ် ကျောက်မျက်အရောင်းပြပွဲတွင် မျှော်မှန်းထားသည့် ကျောက်စိမ်းအရေအတွက်၏ တစ်ဝက်ကိုသာ ပြသနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ သိရသည်။

မျှော်မှန်းထားသည့် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကျော်၏ တစ်ဝက်ခန့် အတွဲပေါင်း ၆၀၀ကျော်သာ ပြသထားနိုင်ကြောင်း ကျောက်မျက်အသင်း ဥက္ကဋ္ဌ ဦးရစ်နန်ဇေလွမ်းက ပြောသည်။

“ပြပွဲလုပ်ဖို့ ပြင်ဆင်ကတည်းကတော့ ၁ ထောင်ကျော်လောက်အထိ မှန်းထားတာပေါ့။ အရမ်းကြီးလည်း မမှန်းထားပါဘူး။ ဒါပေမယ့် ပိုဆိုးသွားတာက တရုတ်ပြည်ရဲ့ ဝူဟန်ဗိုင်းရပ်(စ်) ကြောင့် ထင်ထားသလောက် မရောက်ဘူးပေါ့။ တကယ်လို့ ဒီဟာမဖြစ်ဘူးဆိုရင် လုပ်ငန်းရှင်ကလည်း ပိုပြီး စိတ်ဝင်စားမယ်။ နောက် ကျောက်အတွဲပေါင်း ၁၅၀ ၀လောက်တော့ မနည်းဘူးလို့ ထင်တယ်” ဟု ပြောသည်။

သို့သော်လည်း လွန်ခဲ့သည့် ဒုတိယအကြိမ်ပြပွဲထက် ယခုအခေါက်တွင် အတွဲပေါင်း အရေအတွက် ပိုများသည်ဟု သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ကချင်ကျောက်မျက်လုပ်ငန်းရှင်များ ပူးပေါင်းပြုလုပ်သော ယခုတတိယအကြိမ် အရောင်းပြပွဲကို မြစ်ကြီးနားတွင် ဖေဖော်ဝါရီ ၂၄ မှ ၂၈ ရက်အထိ ပြုလုပ်ခြင်း ဖြစ်သည်။

ယခုပြပွဲတွင် မြန်မာကျပ်ငွေဖြင့်သာ ရောင်းချခွင့်ရှိသော်လည်း လာမည့် နိုဝင်ဘာလတွင် ထပ်မံပြုလုပ်မည့် ကျောက်မျက်ပြပွဲတွင် နိုင်ငံခြားငွေဖြင့် ရောင်းချခွင့် ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်ထောင်အစိုးရမှ အမြန်ဆုံး ခွင့်ပြုမိန့်ပေးရန် တောင်းဆိုထားသည်ဟု ထပ်မံပြောဆိုသည်။

“ဒီပြပွဲမှာလာတဲ့ ကုန်သည်တွေအနေနဲ့ ဈေးကွက်ဖော်ဆောင်တဲ့အခါ လာရောက်ဝယ်ပေးကြပါ။ ပြီးမှ နောင်လာမည့်အချိန် နိုင်ငံခြားဝင်ငွေနဲ့ ရအောင်ကြိုးပမ်းနေပြီ။ ဖြစ်အောင်လည်း ဆောင်ရွက်မယ်။ ဘာကြောင့် နိုင်ငံခြားဝင်ငွေနဲ့ ဖြစ်ခိုင်းစေချင်သလဲဆိုတော့ ကုမ္ပဏီအတွက်၊ လုပ်ငန်းများအတွက်နဲ့လည်း အဆင်ပြေတယ်။ ပြီးရင်ပြည်သူလူထုတွေလည်း အဆင်ပြေတယ်။ နိုင်ငံတော်အတွက်လည်း အခွန်များများရမယ်။ တရားမဝင်တွေလည်း ပပျောက်သွားမယ်။ နိုင်ငံခြားဝင်ငွေနဲ့ အမြန်ဖြစ်သင့်တယ်။ ပြည်ထောင်စုအဆင့်နဲ့ ကချင်ပြည်နယ်အစိုးရအနေနဲ့ ဖြစ်အောင် ဝိုင်းဝန်းကူညီပေးပါလို့ တောင်းဆိုချင်တယ်”ဟု ဦးရိတ်နန်ဇေလွမ်းက ဆိုသည်။

မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ပြပွဲများတွင် ကျောက်စိမ်း C ၊ D အဆင့်သာ ပြသခွင့်ရှိခဲ့သော်လည်း ယခု တတိယအကြိမ်တွင် အဆင့်ခွဲခြားထားခြင်းမရှိဘဲ A, B, C, D အဆင့်ပေါင်းစုံ ပြသခွင့်ရရှိထားသည်ဟု သိရသည်။

ကျောက်စိမ်းပြပွဲကို မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်း စသော ဒေသများမှ လုပ်ငန်းရှင်များကသာ အများဆုံး လာရောက်ကြည့်ရှုကြပြီး ကျောက်စိမ်းတွဲပေါင်းများ၏ ဈေးနှုန်းအကြမ်းများမှာ ကျပ် ၁၀သိန်းမှ သိန်းတစ်ထောင်ကျော်ခန့် သတ်မှတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...