ကချင်ပြည်နယ်တွင် အမျိုးသမီး အကြမ်းဖက်ခံရမှုကို ရိုးရာအရ ဖြေရှင်းမှု အများဆုံး ဖြစ်

ကချင်ပြည်နယ်တွင် အမျိုးသမီး အကြမ်းဖက်ခံရမှုကို ရိုးရာအရ ဖြေရှင်းမှု အများဆုံး ဖြစ်

ကချင်အမျိုးသမီးကွန်ရက်၏ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် စစ်တမ်း ကောက်ချက်အရ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ရိုးရာအရဖြေရှင်းသည့်နည်းလမ်းဖြင့် အသုံးပြုမူ ပိုမိုများပြားနေကြောင်း သိရသည်။

ကချင်အမျိုးသမီး ကွန်ရက်အဖွဲ့က ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်၊ လိုင်ဇာ၊ ဖားကန့်၊ မိုးညှင်း၊ တနိုင်းနှင့် ပူတာအိုမြို့နယ်များကို ၂၀၁၈ မှ ၂၀၁၉ နိုဝင်ဘာလအတွင်း အမျိုသမီးများအပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့သည်။

တွေ့ရှိချက်များအရ အဖြစ်အများဆုံး အကြမ်းဖက်မှု အမျိုးအစားမှာ အိမ်တွင်းအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် စီးပွားရေးဆိုင်ရာ အကြမ်းဖက်ခြင်းတို့ ဖြစ်ပြီး အကြမ်းဖက်မှုကို ရိုးရာအရဖြေရှင်းရာတွင် မိုးညှင်းမြို့နယ်က အများဆုံးဖြစ်နေကြောင်း ကချင်အမျိုးသမီးကွန်ရက် ပဲ့ကိုင်ကော်မတီဝင် ဒေါ်အောင်ဂျာက ပြောသည်။

“အိမ်တွင်း အကြမ်းဖက်မှုကတော့ အများဆုံးပဲ။ မြို့နယ်တိုင်းလိုလိုမှာ ရှိတယ်။ အကြမ်းဖက်မှုကို ဖြေရှင်းတဲ့ နည်းတွေက ရိုးရာအရ ဖြေရှင်းတာတွေကို အများဆုံးတွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ရိုးရာအရ အကြမ်းဖက်မှုကို ဖြေရှင်းရာတွင် မိုးညှင်းမြို့နယ်က အများဆုံးဖြစ်ပြီး ဖားကန့်မြို့နယ်က ဒုတိယအများဆုံး ဖြစ်နေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုနှင့် ပတ်သက်သော အဆိုပါစစ်တမ်းနှင့် ဆွေးနွေးပွဲမှ ရရှိလာသော သုံးသပ်ချက်အရ ကချင်ပြည်နယ်ရှိ မြို့နယ်(၇)မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအကြောင်း သေချာစွာနားလည်သဘောပေါက်မှု မရှိကြောင်း ၎င်းစစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်း ကောက်ခံချက်အပေါ် အခြေခံသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီး ကာကွယ်ရေးအတွက် ကျား၊မရေးရာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များအတွက် ကချင်အမျိုးသမီး ကွန်ရက်က နိုင်ငံရေးပါတီ၊ လွှတ်တော်အမတ်၊ အစိုးရအဖွဲ့များနှင့် တွေ့ဆုံကာ အရေးဆိုအကြံပြုခဲ့သည်။

ထို အကြံပြုချက်တွင် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ၏ ပါဝင်မှု၊ ပြည်နယ်တွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုအား တားဆီးကာကွယ်စောင့်ရှောက်ရေး၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လိုအပ်သောဝန်ဆောင်မှု၊ နေရပ်စွန့်ခွာသူများအား ပြည်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး စသည့်အချက်(၄) ချက်ကို အရေးဆိုခဲ့ကြကြောင်း သိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...