ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု ကရင်ပြည်နယ်အတွင်း ပထမဆုံး စတင် ပြုလုပ်

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု ကရင်ပြည်နယ်အတွင်း ပထမဆုံး စတင် ပြုလုပ်

စောရှား — ကရင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေးလုပ်ငန်းများ ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပထမဦးဆုံးအကြိမ် စတင်ပြု လုပ်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက် ဖားအံမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ကျောင်းသူ/ကျောင်းသား ဆရာ / ဆရာမများအတွက်ရည်ရွယ်ပြီး စတင်အကောင်အထည်ဖော်လုပ်ဆောင်နေသည့် အဆိုပါရွေး ကောက်ပွဲဆိုင်ရာအသိပညာပေးခြင်းများနှင့်ပတ်သက်၍ ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ ရွေးကောက်ပွဲ အရာရှိ ဦးမောင်မောင်နိုင်က ယခုလို ပြောသည်။

“ဒီကျောင်းသားတွေဟာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဦးဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေ ဖြစ် တယ်။ မဲတစ်ပြားကို သေချာမှန်မှန်ကန်ကန် မဲပေးတတ်ဖို့အတွက် ရွေကောက်ပွဲနဲ့ပတ်သက်တဲ့ အသိ ပညာပေးတွေ လာရောက်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။”ဟု ပြည်နယ်အခြေစိုက်မီဒီယာများသို့  ပြောသည်။

အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မဲပေးပုံ၊ မဲပေးနိုင်သည့် အသက်အရွယ်နှင့် ပယ်မဲ၊ ခိုင် လုံမဲအကြောင်း၊ မဲပေးရမည့် လွှတ်တော်ကိုယ်စားလှယ်အမျိုးအစားများ၊ မဲရုံအခင်းအကျင်းများ အထိ အသေးစိတ်အချက်အလက်များကို စာတွေ့နှင့် လက်တွေ့တပါတည်း ရှင်းလင်း၊သင်ကြားပို့ချ ခြင်းများ ပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ အသိပညာပေး ရှင်းလင်းပွဲသို့ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ အဆိုပါကျောင်း၏ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားကျောင်း သူ များနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း ၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာ ပေး လုပ်ငန်းများကို ဖားအံမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ပညာရေးကောလိပ်အပြင် တက္ကသိုလ် များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာလဆန်း တွင် ပြုလုပ်ခဲ့ကြပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် နေ့ရက်၊ လများကို မထုတ်ပြန်ရ သေးကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...