ထိန်းသိမ်းခံ ကချင်ဓမ္မဆရာ နှစ်ဦး လွတ်မြောက်

ထိန်းသိမ်းခံ ကချင်ဓမ္မဆရာ နှစ်ဦး လွတ်မြောက်
လွတ်မြောက်လာသည့်ဆရာ နှစ်ဦးကို ကချင်အတိုင်ပင်ခံရုံးတွင် တွေ့ရစဉ်။ ဓါတ်ပုံ- Ja Brim Lahpai/ Bima Dau Lum
လွတ်မြောက်လာသည့်ဆရာ နှစ်ဦးကို ကချင်အတိုင်ပင်ခံရုံးတွင် တွေ့ရစဉ်။ ဓါတ်ပုံ- Ja Brim Lahpai/ Bima Dau Lum

ကချင်တော်လှန်ရေးနေ့ အခမ်းအနားပြုလုပ်မှုကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် နှစ်ပတ်ကြာ ထိန်းသိမ်းခံထားရသော ကချင်ဓမ္မဆရာ နှစ်ဦးကို ဖေဖော်ဝါရီ ၂၀ ရက်တွင် လွှတ်ပေးလိုက်ပြီဟု သိရသည်။

လွတ်မြောက်လာသည့် ဆရာနှစ်ဦးအပြင် ဖေဖော်ဝါရီ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ သရုပ်ဖော်ပြဇာတ်တွင် ဦးဆောင်ခဲ့သော ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့မှ ဆရာ နှစ်ဦးကိုလည်း အမှု ရုပ်သိမ်းပေးလိုက်သည်ဟု သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မြစ်ကြီးနားဇုံနယ်မှ သိက္ခာတော်ရ ဆရာ La Wawm “ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကနေ ကျနော်တို့ရဲ့ ဆရာ လေးဦးကို ၁၇/၁ပုဒ်မနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီကနေ့ အမှုအားလုံးကို မြို့နယ်တရားရုံးမှာ လုပ်ထုံးလုပ်နည်းအရ ပြုလုပ်ပြီး ရုတ်သိမ်းပေးလိုက်ပြီ။ ဘာလို့ ရုပ်လိုက်လဲဆိုတော့ သူတို့အနေနဲ့ အခုစွဲထားတဲ့ ပုဒ်မနဲ့ မငြိစွန်းမှန်းလည်း သူတို့ သိမယ် ထင်တယ်။ အဲဒါကြောင့် ထင်တာပဲ။ ကျွန်တော်တို့လည်း တိတိကျကျတော့ မသိရဘူး”ဟု ကချင်သတင်းဌာန KNG သို့ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လားတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဝင်တင် ကိုယ်တိုင် လာရောက်ကာ အမှုရုပ်သိမ်းပေးခဲ့ကြောင်းလည်း ဆက်လက်ပြောဆိုခဲ့သည်။

တရားစွဲဆိုခံရသည့် လေးဦးအနက် ဓမ္မဆရာ လူငယ်ဆရာ တူးထန်းနှင့် သိက္ခာတော်ရ ဆရာဘီမာဒေါင်လွမ်းတို့ နှစ်ဦးကို ဖေဖော်ဝါရီ ၆ရက်က မြစ်ကြီးနား အမှတ်(၁) မြို့နယ် ရဲစခန်းတွင် စတင် ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မြစ်ကြီးနား အကျဉ်းထောင်သို့ ရွှေပြောင်းခဲ့သည်။

ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) မှ ဦး Zau Jat နှင့် ဆရာ Lung Aung တို့ နှစ်ဦးကိုလည်း တရားစွဲဆိုထားခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ မြစ်ကြီးနား နောင်နန် ဂျော်ဘွမ် ဆုတောင်းတောင်တွင်ပြုလုပ်သည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို လူငယ်များဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ဥပဒေဘောင်ကျော်လွန်လုပ်ဆောင်မှုများ ရှိခဲ့သဖြင့် နောက်နောင်တွင် ထပ်မံ မဖြစ်စေရန် ထိန်းသိမ်းမည့်အကြောင်း တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR ဖေဖော်ဝါရီ ၇ရက်နေ့တွင် စာတင်ပြ တောင်းဆိုခဲ့သည်။

ဓမ္မဆရာ နှစ်ဦး လွတ်မြောက်လာသည့်အခြေအနေနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...