စစ်တွေမြို့တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့ တက်ရောက်သူ နည်းပါး

စစ်တွေမြို့တွင် ကျင်းပသည့် ချင်းအမျိုးသားနေ့ တက်ရောက်သူ နည်းပါး

(၇၂)နှစ်မြောက်ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပခဲ့သော်လည်း ဒေသတွင်းတည်ငြိမ်မှုမရှိသဖြင့် တက်ရောက်သူနည်းပါးသည်ဟု ပွဲစီစဉ်သူများထံက သိရသည်။

ချင်းအမျိုးသားနေ့ကို ယခင်နှစ်များက အခြားမြို့နယ်များက တက်ရောက်ကြသော်လည်း ယခုနှစ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကားလမ်းများပိတ်ထားသဖြင့် တက်ရောက်သူနည်းပါးခြင်းဟု ချင်းတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ(စစ်တွေ) ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ပြောသည်။

“ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျနော်တို့မှာ အစီစဉ်တွေအများကြီးပါတယ်။ အခုနှစ်မှာတော့ အစီအစဉ်တွေ လျှော့ထားလိုက်တာတွေ ရှှိတယ်။ ရခိုင်ပြည်ရဲ့ လက်ရှိအခြေနေမှာလည်း တိုင်းပြည်မငြိမ်းချမ်းတာကြောင့် တချို့အစီစဉ်တွေ ဖျက်သင့်တာဖျက်တယ်။ ပွဲကိုလာတဲ့သူတွေလည်း အရင်နှစ်ထက် နည်းသွားပါတယ်” ဟု ၎င်းကပြောသည်။

ချင်းအမျိုးသားနေ့ကို ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)နှင့် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ(စစ်တွေ) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ချက်ဖြင့်ကျင်းပခြင်းဟု ပွဲစီစဉ်သူများထံက သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရခိုင်အပါအဝင် ချင်းတိုင်းရင်းသားများလည်း စစ်ဘေးဒဏ်ခံစားနေရသည်။ တိုက်ပွဲကြောင့် ထိုသို့ထိခိုက်မှုများရှိနေသဖြင့် တိုက်ပွဲများရပ်စဲရန်လည်း ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)၏ အကြံပေး မိုင်ခိုင်ဇင်မေသန်းက တောင်းဆိုသည်။

“အခုလိုဖြစ်ခြင်းအားဖြင့် ပြည်သူလူထုတွေ ကျန်းမာရေး၊ ပညာရေး၊ သွားတာ လာတာတွေ အဆင်မပြေဘူး။ စစ်ပွဲတွေကို ရပ်စေချင်ပါတယ်။ အခုလိုတိုက်ပွဲတွေဖြစ်နေရင်လည်း နောင်တစ်ချိန်မှာ ပြည်သူလူထုတွေ တိုးတက်ဖို့အလားအလာနည်းသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ယနေ့ကျင်းပသည့် ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များ၊ ရခိုင်လူငယ်များနှင့် ချင်းလူငယ်များ တက်ရောက်ခဲ့ကြသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...