ပလက်ဝမြို့နယ် စားသောက်ကုန်ထောက်ပံ့ရေး လေကြောင်းလိုင်းကိုပါ အသုံးပြုမည်

ပလက်ဝမြို့နယ် စားသောက်ကုန်ထောက်ပံ့ရေး လေကြောင်းလိုင်းကိုပါ အသုံးပြုမည်

ရက္ခိုင့်တပ်တော်  AA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ဆက်သွယ်သည့် ကုန်သွယ်ရေး၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်၍ ဒေသခံများအတွက် စားသောက်ကုန်များ ပြတ်လပ်မှုများကို ထောက်ပံ့ရန် လေကြောင်းလိုင်းကိုပါ အသုံးပြုသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီးဦးစိုးထက်က “ဖြေရှင်းဖို့ နည်းလမ်းတွေ စီစဉ်နေပါတယ်။ အရေးပေါ်အစီအစဉ်လည်း လုပ်နေပါတယ်။ ဒေသခံတွေအတွက် ထောက်ပံ့မှုကို ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်း၊ အဆင်မပြေရင်လည်း လေကြောင်းလိုင်းနဲ့ ထောက်ပံ့ပေးဖို့ စီစဉ်လုပ်ဆောင်ထားပါတယ်”ဟုပြောသည်။

စစ်ပွဲကြောင့် ပလက်ဝမြို့၏ ဒေသခံများ ဒုက္ခကြုံတွေ့မှု ပိုမို ဆိုးရွားလာမှုအပေါ်  ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကိုလည်း တင်ပြထားကြောင်းသိရသည်။

ဝန်ကြီးဦးစိုးထက်က “ ဖေဖော်ဝါရီ ၅ ရက်နေ့နောက်ပိုင်း ရတဲ့ သတင်းအချက်အလက်တွေကို ပြည်ထောင်စုအဆင့်ကို တင်ပြတယ်။ အခု နောက်ဆုံးဖြစ်တဲ့ ခက်ခဲမှုတွေကိုလည်း ပြည်ထောင်စုကို တင်ပြထားတယ်။ ပလက်ဝက အခက်အခဲတွေကို ပြည်ထောင်စုအဆင့်က အတော်များများ သိပါတယ်” ဟုပြောသည်။

ထို့အပြင် စစ်ပွဲကြောင့် ပလက်ဝမြို့နယ်သို့ ပြန်မည့် ဒေသခံများ၊ ဝန်ထမ်းများ ရခိုင်ပြည်နယ် ကျောက်တော်နှင့်စစ်တွေတွင် သောင်တင်သည့် အခြေအနေများကိုလည်း ပြည်ထောင်စုအစိုးရထံ တင်ပြထားသည်ဟု ဦးစိုးထက်က ပြောသည်။

ထိုသို့ ပလက်ဝမြို့နယ်အခြေအနေနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုကို တရားဝင်စာပို့ထားသကဲ့သို့ လူကယ်/ပြန် နှင့် ပြည်ထောင်စုလွှတ်တော်၏ တာဝန်ရှိသူများနှင့်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပလက်ဝမြို့နယ်အတွင်း စစ်ပွဲများသက်ရောက်မှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်သည့်အပြင် အင်တာနက်လိုင်းကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ပိတ်ပင်ထားသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...