ကျောက်တော်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်သဖြင့် ရွာလုံးကျွတ်ထွက်ပြေး

ကျောက်တော်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်သဖြင့် ရွာလုံးကျွတ်ထွက်ပြေး

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝက်မကျကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်လာသောကြောင့် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့၊ နေ့လယ် ၂ နာရီခန့်က ရွာရှေ့ဘက် တောင်ရှည်တောင်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၄) လုံးမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ကျေးရွာအတွင်း မနေရဲသည့်အတွက် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေရကြောင်း ကျောင်းထိုင်ဆရာတော် ဦးသောဘိတက DMG သို့ မိန့်ကြားသည်။

“အဲဒီမှာ နေအိမ်တစ်ချို့ပျက်စီးသွားတယ်။ နွားတစ်ကောင်လည်း သေဆုံးသွားတယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး။ ဒါကြောင့် ထွက်ပြေးကြတာ” ဟု ဦးသောဘိတက မိန့်ကြားသည်။

လက်နက်ကြီးကျည်များမှာ ကျောင်းဆရာမနေအိမ်များအပါအဝင် တခြားအိမ်များကိုလည်း ထိမှန်လာသဖြင့် ခေါင်မိုးများ၊ ထရံများ ပေါက်ပြဲပျက်စီးသွားသည်ဟု ဒေသခံ ဦးစိန်သန်းလှိုင်က ပြောသည်။

“လက်နက်ကြီးကျလို့ ရွာသားတွေ ဒဏ်ရာရရင် ကျောက်တော်မြို့ပေါ်သို့ သွားမယ့်ခရီးလမ်းကလည်း သွားမရတဲ့အတွက် ကျနော်တို့ရွာသားတွေက ဘေးလွတ်ရာသို့ ရှောင်လာနေကြတာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဆရာတော်အပါအဝင် ရွာသား (၂၇၀)ကျော်မှာ ရွာအနီးရှိ သားပုံကျေးရွာတွင် ခိုလှုံနေကြရပြီး စားဝတ်နေရေးအခက်အခဲရှိနေသည်။

ဖေဖော်ဝါရီလ (၅) ရက်နေ့က စတင်ပြီး ကျောက်တော်မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသော ကုလားတန်မြစ်အရှေ့ဘက်ခြမ်း တင်းမ၊ ဝက်မကျ၊ ခပေါ်စသည့် ကျေးရွာအနီး တောင်းရှည်တောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများထံက သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...