တိုက်ပွဲဖြစ်နေသည့် မြို့နယ်များတွင် မိုင်းအန္တရာယ်လျော့ချရေး ယခုလ လုပ်ဆောင်မည်

တိုက်ပွဲဖြစ်နေသည့် မြို့နယ်များတွင် မိုင်းအန္တရာယ်လျော့ချရေး ယခုလ လုပ်ဆောင်မည်

မျိုးသီရိကျော် — တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ် (၆)မြို့နယ်တွင် မိုင်းအန္တရာယ် လျှော့ချရေး အသိပညာပေးအစီအစဉ်ကို ယခုလမှ နိုဝင်ဘာလအထိ ဆောင်ရွက်မည်ဟု စီမံကိန်းအကောင်အထည်ဖော်မည့် ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် အသိပညာများ ထိထိရောက်ရောက်ဖြန့်ဝေပေးပြီး မြေမြုပ်မိုင်းနှင့် မပေါက်ကွဲဘဲကျန်နေခဲ့သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှု လျော့ချရန် သင်တန်းများလည်းပို့ချမည်ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“လက်ရှိအနေအထားမှာတော့ ရခိုင်ပြည်မှာသိတဲ့အတိုင်းပဲလေ၊ တိုက်ပွဲတွေလည်းများလာတယ်။ တစ်နေ့ထက်တစ်နေ့ အသေအပျောက်တွေများလာတယ်။ ဘာမှမသိတတ်တဲ့သူတွေက မိုင်းထောင်ထားမှန်း မသိဘဲ တောတောင်တွေကိုသွားကြတယ်။ မိုင်းပေါက်ကွဲတော့ ခြေပြတ်လက်ပြတ်တွေဖြစ်ကြတယ်။ မလိုလားအပ်ဘဲ သေဆုံးမှုတွေများလာတယ်။ ဒါကြောင့် အခုလိုသင်တန်းတွေမပေးဘူးဆိုရင် ဒီထက်ပိုဆိုးလာနိုင်တယ်”ဟု ၎င်းကဆိုသည်။

မိုင်းအန္တရာယ် လျှော့ချရေး အသိပညာပေးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အစိုးရ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်နက်ကြီးထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား(၁၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)ထံမှ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...