နမ်ဆန်ယန်ဒေသခံတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ဖြတ်လိုက်ရ

နမ်ဆန်ယန်ဒေသခံတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ဖြတ်လိုက်ရ
မိုင်းနင်းမိဒဏ်ရာရခဲ့သော ဒေသခံ
မိုင်းနင်းမိဒဏ်ရာရခဲ့သော ဒေသခံ

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ ပထမဆုံး နေရပ်ပြန် စစ်ရှောင်တစ်ဦး မြေမြှုပ်မိုင်း နင်းမိခဲ့သဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အခြေအနေထိ ဖြစ်ခဲ့ကြောင်း သိရသည်။

အသက် ၅၅နှစ်အရွယ် ဦးဂျေဖွေသည်  ဖေဖော်ဝါရီ ၁၄ရက်က ကျေးရွာအနီး အင်ဘူယန်ချောင်းအတွင်း ငါးဖမ်းထွက်ခဲ့ရာ မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် နီးစပ်ရာ KIO ဗဟိုဌာနချုပ် လိုင်ဇာ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ဘယ်ဖက်ခြေထောက် ဖြတ်လိုက်သဖြင့် သွေးသွင်းရန်ပင် လိုအပ်နေကြောင်း နီးစပ်ရာ မိသားစုများထံမှ သိရသည်။

နမ်ဆန်ယန်ကျေးရွာမှာ မြစ်ကြီးနား  ဗန်းမော် ကားလမ်းမကြီးအလယ်တွင် တည်ရှိသည်။ တစ်ကျော့ပြန်တိုက်ပွဲ ၈ နှစ်ခန့်အကြာ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် တပ်မတော်နှင့် အစိုးရအစီအစဉ်ဖြင့် ပထမဆုံး နေရပ်ပြန်ပို့သော ကျေးရွာဖြစ်ကာ လက်ရှိအချိန်တွင် ဒေသခံ ၅၀၀ ခန့် နေထိုင်နေပြီဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့တွင်လည်း နမ်ဆန်ယန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နေရပ်ပြန် အခြေချသူများ တဖန် ထွက်ပြေးရန်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နမ်ဆန်ယန်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ အနီးကပ်စောင့်ကြည့်နေသော ရှေ့တန်းနေရာဖြစ်နေဆဲ ဖြစ်သည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...