နမ်ဆန်ယန်ဒေသခံတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ဖြတ်လိုက်ရ

နမ်ဆန်ယန်ဒေသခံတစ်ဦး မိုင်းနင်းမိ၊ ခြေထောက်ဖြတ်လိုက်ရ
မိုင်းနင်းမိဒဏ်ရာရခဲ့သော ဒေသခံ
မိုင်းနင်းမိဒဏ်ရာရခဲ့သော ဒေသခံ

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာရှိ ပထမဆုံး နေရပ်ပြန် စစ်ရှောင်တစ်ဦး မြေမြှုပ်မိုင်း နင်းမိခဲ့သဖြင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အခြေအနေထိ ဖြစ်ခဲ့ကြောင်း သိရသည်။

အသက် ၅၅နှစ်အရွယ် ဦးဂျေဖွေသည်  ဖေဖော်ဝါရီ ၁၄ရက်က ကျေးရွာအနီး အင်ဘူယန်ချောင်းအတွင်း ငါးဖမ်းထွက်ခဲ့ရာ မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် နီးစပ်ရာ KIO ဗဟိုဌာနချုပ် လိုင်ဇာ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ဘယ်ဖက်ခြေထောက် ဖြတ်လိုက်သဖြင့် သွေးသွင်းရန်ပင် လိုအပ်နေကြောင်း နီးစပ်ရာ မိသားစုများထံမှ သိရသည်။

နမ်ဆန်ယန်ကျေးရွာမှာ မြစ်ကြီးနား  ဗန်းမော် ကားလမ်းမကြီးအလယ်တွင် တည်ရှိသည်။ တစ်ကျော့ပြန်တိုက်ပွဲ ၈ နှစ်ခန့်အကြာ ၂၀၁၉ နှစ်ဆန်းပိုင်းတွင် တပ်မတော်နှင့် အစိုးရအစီအစဉ်ဖြင့် ပထမဆုံး နေရပ်ပြန်ပို့သော ကျေးရွာဖြစ်ကာ လက်ရှိအချိန်တွင် ဒေသခံ ၅၀၀ ခန့် နေထိုင်နေပြီဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့တွင်လည်း နမ်ဆန်ယန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နေရပ်ပြန် အခြေချသူများ တဖန် ထွက်ပြေးရန်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နမ်ဆန်ယန်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ အနီးကပ်စောင့်ကြည့်နေသော ရှေ့တန်းနေရာဖြစ်နေဆဲ ဖြစ်သည်။

ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...