ပဒိုမန်းရှာ ကျဆုံးခြင်း ၁၂နှစ်မြောက်အောက်မေ့ဖွယ် ၎င်းအုတ်ဂူ၌ ဖယောင်းတိုင် မီးထွန်းညှိပွဲပြုလုပ်ခဲ့

ပဒိုမန်းရှာ ကျဆုံးခြင်း ၁၂နှစ်မြောက်အောက်မေ့ဖွယ် ၎င်းအုတ်ဂူ၌ ဖယောင်းတိုင် မီးထွန်းညှိပွဲပြုလုပ်ခဲ့

KNU-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ လုပ်ကြံခံရမှု ၁၂နှစ် မြောက်အောက်မေ့ဖွယ် အခမ်းအနားကို ၎င်းအုတ်ဂူတည်ရှိရာ သေဘေထာ စခန်း၌ ဖယောင်းတိုင်မီး ထွန်းညှိပွဲတစ်ခုကို ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေအချိန်တွင် ပြုလုပ်ခဲ့သည်။

ပဒိုမန်းရှာလားဖန်း၏ သားကြီးဖြစ်သူ ပဒိုစောစေးစေးနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်များ ဦးဆောင် ၍ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ကျရောက်သည့် ၎င်း၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် နေ့ကို ပြန်လည် အမှတ်ရစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

၎င်း၏ ၁၂နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားသို့ ၎င်းအား ချစ်ခင်လေးစားကြသည့် ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များ၊ လူငယ်ကျောင်းသားများ စုစုပေါင်း ၁၀၀နီးပါးတက်ရောက်၍ ဖယောင်းတိုင်မီးထွန်းညှိ အောက်မေ့ခဲ့ကြပြီး တစ်မိနစ်ငြိမ်သက်အလေးပြုကြကာ သက်ဆိုင်ရာခေါင်းဆောင်များက အမှတ်တရ စကား များပြောဆိုခဲ့ကြသည်။

အလားတူ ပဒိုမန်းရှာလားဖန်း၏ ဇာတိမြေဖြစ်သည့် ပန်းတနော်မြို့နယ်၊ တောကျောင်း ကျေးရွာတွင်လည်း ယမန်နေ့က ၎င်း၏ကျန်ရစ်သူ မိသားစုများနှင့် ၎င်းကို ချစ်ခင်လေးစားကြသည့် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူငယ်များနှင့် ဒေသခံများ စုပေါင်း၍ ၎င်းရုပ်တုရှိရာနေရာတွင် လွမ်းသူ့ပန်း ခွေချ၍ အောက်မေ့ပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး စုစုပေါင်းလူဦးရေ ၂၀၀ နီးပါး တက်ရောက် အလေးပြုခဲ့ကြသည်။

ပဒိုမန်းရှာလားဖန်းသည် KNU ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ညနေပိုင်းအချိန်ခန့်တွင် သေနတ်သမားနှစ်ဦး၏ ပစ်သတ်လုပ်ကြံမှုကြောင့် ကျဆုံးသွားခဲ့ပြီး ၎င်းကျဆုံးချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...