ဘူးသီးတောင်တွင် ကျောင်းသား/သူများ လက်နက်ကြီးပစ်ခတ်ခံရမှု ဝန်ခံသူမရှိ

ဘူးသီးတောင်တွင် ကျောင်းသား/သူများ လက်နက်ကြီးပစ်ခတ်ခံရမှု ဝန်ခံသူမရှိ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ခမီချောင်းမူလတန်းလွန်ကျောင်းကို လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့က မိမိတို့ပစ်ခတ်မှုကြောင့် မဟုတ်ဟု ငြင်းချက်ထုတ်နေကြသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့၊ နံနက် (၁၀)နာရီပတ်ဝန်းကျင်က ကျောင်းသား၊ကျောင်းသူများ စာသင်ခန်းတွင်ရှိနေစဉ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၂၁)ဦး ဒဏ်ရာရရှိသွားပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု မိဘများထံက သိရသည်။

ယင်းပစ်ခတ်မှုမှာ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်သည်ကို မသိရှိဟု ဒေသခံများနှင့် ကျောင်းဆရာများက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကမူ အပြန်အလှန် စွပ်စွဲနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ရာတွင် နံနက်(၈)နာရီက အုပ်တောင်ကျေးရွာအနီးတွင် AA က လက်နက်ကြီး၊ လက်နက်ငယ်များနှင့်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။ ထို့နောက် AA သည် ခမီချောင်းရွာ၏တောင်ဘက် မီတာ (၁၂၀၀)ခန့်အကွာသို့ ထွက်ပြေးသွားသဖြင့် တပ်မတော်ဘက်က တိုက်ခိုက်ရာတွင် AA က လက်နက်ကြီးများပစ်ခတ်သောကြောင့် စာသင်ကျောင်းကို ထိမှန်သွားသည်ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး AA ဘက်က ထုတ်ပြန်ရာတွင် ကမ်းပိုင်ချောင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဘူးသီးတောင်အခြေစိုက် စကခ(၁၅)မှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ ထပ်မံ၍ နံနက် (၁၀)နာရီကျော်တွင် တပ်မတော်က လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်စဉ် တတိယအကြိမ်တွင် စာသင်ကျောင်းကို ထိမှန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မူလွန်ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၆၃)ယောက်စာသင်ကြားနေပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် စာသင်ကျောင်းပျက်စီးသွားသဖြင့် ကျောင်းမဖွင့်နိုင်သေးဟု ဒေသခံများထံက သိရသည်။

ရခိုင်ပြည်နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးသူ (၁၃၀) ကျော်နှင့် ဒဏ်ရာရရှိသူ(၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၏ စာရင်းအရ သိရသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...