ကော့ကရိတ်-အိန္ဒုလမ်း အဆင့်မြှင့်တင်ဆောင်ရွက်မှု လာမည့် ၂ဝ၂၁ ခုနှစ် မေလမှသာ ပြီးစီးမည်ဟု ဆို

ကော့ကရိတ်-အိန္ဒုလမ်း အဆင့်မြှင့်တင်ဆောင်ရွက်မှု လာမည့် ၂ဝ၂၁ ခုနှစ် မေလမှသာ ပြီးစီးမည်ဟု ဆို

နေနော် — ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ ကော့ကရိတ်-အိန္ဒုလမ်းပိုင်းအဆင့်မြှင့်တင် ဆောင်ရွက် နေမှုမှာ လာမည့် ၂၀၂၁ မေလတွင် အလုံးစုံပြီးစီးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “ဒီလမ်းက တရုတ်နိုင်ငံအခြေစိုက် CRBC ကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး လမ်းအကျယ် ၇ မီတာ နဲ့ နိုင်လွန်ကတ္တရာခင်းသွားမှာဖြစ်ပါတယ်။ လမ်းနဲ့မလွတ်ကင်းတဲ့ အိမ်ခြံမြေတွေကို ဖယ်ရှင်းခဲ့ပြီး ထိုက်တန်တဲ့ လျော်ကြေးငွေတွေကို ကာလတန်ဘိုးအလိုက်ပေးလျော် ခဲ့ပြီးဖြစ်ပါ တယ်။ ကာလအနေနဲ့ ကတော့လာမယ့် ၂ဝ၂၁ မေလမှာ လမ်းပိုင်းအားလုံးပြီးစီးမှာဖြစ်ပါတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ကော့ကရိတ်-အိန္ဒုလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းအား ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်လုပ်ဆောင်ခဲ့သော် လည်း ကရင်ပြည်နယ် လွန်းညကျောက်ထုတ်လုပ်ရေးစခန်းမှ လမ်းခင်းကျောက်များထုတ်ယူမှုကို ဒေသခံပြည် သူများတိုင်ကြားကန့်ကွက်မှုနှင့် လမ်းစီမံကိန်းကြောင့် ထိခိုက်နစ်နာသူများ လျော်ကြေးငွေကိစ္စများကြောင့် (၁ဝ) လတာရပ်နားခဲ့ပြီးနောက် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလခန့်မှပြန်လည်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခု ပြန်လည်ပြုပြင်လာခဲ့ရာတွင် ၄ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လမ်းပိုင်း ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပသည့် ကရင်ပြည်နယ် လွှတ်တော်ဆဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မေးခွန်းမေးမြန်းခဲ့ကြောင်း၊ လမ်းအရှည် ၆၆.၄၅ ကီလိုမီ တာရှိသည့် ထိုလမ်းကို Lot (1)နှင့် Lot (2) ဆိုပြီးအပိုင်း ၂ ပိုင်းဖြင့် ဆောင်ရွက်နေကြောင်း၊ Lot(1)က အိန္ဒုမှ ဂျိုင်းအထိ၊ Lot(2)အနေဖြင့် ဂျိုင်းတံတားမှ လှိုင်ဝအထိဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့် ဇင်အောင်က ပြောသည်။

ဒေသခံ ပြည်သူများမှာ အဆိုပါလမ်းပိုင်းကို ယခု ပြုပြင်ဆဲနေရာတစ်ချို့တွင် မြေသားများခင်းထားရာတွင် ရေနိုင် အောင် မလောင်းခြင်းကြောင့် ဖုန်ထူထပ်နေပြီး ယခုနှစ်မိုးမကျခင်ပြီးစီးရန်မျှော်လင့်နေကြသလို မပြီးစီးခဲ့ပါက မိုးကြီး ၊ ရေကြီး ဒဏ်ကြောင့် ဗွက်ထကာ ပြန်လည်ပျက်စီးမည်ကိုလည်းစိုးရိမ်မှုရှိနေကြသည်။

မဟာမဲခေါင်ဒေသ အရှေ့အနောက် စီးပွားရေးစင်္ကြန်၏ အာဆီယံကုန်သွယ်မှု လမ်းကြောင်းတွင် အရေးပါသော ကော့ကရိတ် – အိန္ဒုလမ်းပိုင်တွင် ဖြတ်သန်းလျက်ရှိသောမော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များမှာ နေ့စဉ် ၁,ဝဝဝ ကျော်ခန့်ရှိပြီး လမ်းပိုင်းအဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရာ၌ ယာဉ်များသွားလာမှုရပ်ဆိုင်းမသွားအောင် စီစဉ်ဆောင်ရွက်နေရခြင်းကြောင့် ပိုမိုကြန့်ကြာနေရကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

လမ်းအရှည် ၆၆ ဒသမ ၄၅ (၆၆.၄၅) ကီလိုမီတာ အရှည်ရှိ ကော့ကရိတ်-အိန္ဒုလမ်းသည် အာရှဓန ဘဏ်(ADB) ချေးငွေဖြင့် China Road and Bridge Corporation (CRBC) ကုမ္ပဏီမှ တာဝန်ယူဖော်ဆောင်နေခြင်းဖြစ် သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...