အမျိုးသားရေးအတွက် ခက်ခဲကြမ်းတမ်းမှုများကို အတူတကွရင်ဆိုင်သွားရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တိုက်တွန်း

အမျိုးသားရေးအတွက် ခက်ခဲကြမ်းတမ်းမှုများကို အတူတကွရင်ဆိုင်သွားရန် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ တိုက်တွန်း

ကရင်အမျိုးသားရေးအတွက် ခက်ခဲသည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ အတူတကွ ရင်ဆိုင်သွားကြရန် ဖေဖော်ဝါရီ ၁၁ ရက် နေ့က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် KNU ဒူးပလာယာခရိုင်ရုံးခန်းမဆောင်၌ ကျင်းပသည့် ၇၂ ကြိမ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတွင် ဒူးပလာယာခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောရွှေမောင်းက တိုက်တွန်းပြောဆိုလိုက်သည်။

“တစ်ဖက်နဲ့တစ်ဖက် ပြီးခဲ့တဲ့အရာတွေကို သင်ပုန်းချေကြဖို့လိုတယ်။ သီးခံခွင့်လွတ်ပြီး တစ်စုတစ်စည်းထဲ ပြန်လည်နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကရင်တွေရဲ့ ဘဝတွေ ငြိမ်းချမ်းမှုတွေ ဖြစ်ပေါ်လာစေမှာဖြစ်တယ်။ ကျနော်တို့ ကရင်မျိုးနွယ်စုတွေ အမျိုး သားရေးတာဝန်မှာ ခက်ခဲသည်ဖြစ်စေ၊ ကြမ်းတမ်းသည်ဖြစ်စေ အတူတကွရင်ဆိုင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု ပဒိုစော ရွှေမောင်းက ပြောသည်။

မိမိတို့ ကရင်အမျိုးသားများအနေဖြင့် အနာဂတ်မှာ ငြိမ်းချမ်းသာယာစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန်နှင့် စစ်ကြောင့် ပူပင်သောကများမှ လွတ်မြောက်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး သမိုင်းပေးတာဝန်များအပေါ်မှာလည်း အချင်းချင်းကြား သင့်မြတ်စွာ နေထိုင်ကြရန် လိုအပ်သည်ဟု ပဒိုစောရွှေမောင်းက ဆက်ပြောသည်။

အခမ်းအနားတွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှ ပေးပို့သည့်သဝဏ်လွှာ၊ ကရင်အမျိုးသမီးအစည်းအရုံး -KWO၊ ကရင်လူငယ်အစည်းအရုံး -KYO ဗဟိုမှ ပေးပို့သောသဝဏ်လွှာများကို အသီးသီးဖတ်ကြားပြီး KNU ဗဟိုကော်မတီဝင် ပဒိုစော သမိန်ထွန်းမှ ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာခဲ့ရသည့် သမိုင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေးရွာမှ အခမ်းအနားတက်ရောက်လာသူ နော်ဖော့ဒီးက “ကရင်အမျိုးသားနေ့ ဖြစ်လာရ တဲ့ အကြောင်းတွေ၊ ကရင့်သမိုင်းတွေကို သိခွင့်ရတယ်။ ငြိမ်းချမ်းရေးသွားနေတဲ့ဖြစ်စဉ်တွေလည်း သိလာရတယ်။ သမိုင်းမှာ စည်းလုံးမှုအားနည်းခဲ့ရတာတွေ ပြန်ကြည့်ပြီးတော့ ကျမတို့လူငယ်တွေ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တယ်ဆိုတာ အသိရလာ တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် KNU အဖွဲ့မှ ဦးဆောင်ပြီး တစ်နိုင်ငံလုံးရှိ ကရင်လူမျိုးများနေထိုင်သည့် ဒေသအသီး သီးတွင် တောင်းဆိုမှု ၄ ချက်ကိုင်စွဲကာ လူပေါင်းလေးသိန်းကျော် ငြိမ်းချမ်းစွာ ဆန္ဒသဘောထားထုတ်ဖော်ခဲ့ကြသည့်နေ့ကို အစွဲ ပြု၍ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် ကော်သူးလေကွန်ဖရင့်တွင် ကရင့်အမျိုး သားနေ့အဖြစ် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...