ကရင်စာ/ယဉ် ဆရာဖြစ် မွမ်းမံသင်တန်း ဖားအံ၌ မတ် ၂၇ ရက်တွင် ဖွင့်လှစ်မည်

ကရင်စာ/ယဉ် ဆရာဖြစ် မွမ်းမံသင်တန်း ဖားအံ၌ မတ် ၂၇ ရက်တွင် ဖွင့်လှစ်မည်

ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းက ဦးဆောင်ပြုလုပ်မည့် အကြိမ် ၅၀ ပြည့်(ရွှေရတု အထိမ်းအမှတ်)ကရင်စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်းကို ဖားအံမြို့၊ ကရင်ကျောင်းသားများ ရိပ်သာ(KSC)၌ မတ်လ ၂၇ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု သိရသည်။

ဖေဖော်ဝါရီ ၉ ရက်တွင် ကရင်ကျောင်းသားများရိပ်သာ(KSC)၌ ပြုလုပ်သော ဆရာဖြစ်မွမ်းမံ သင်တန်းဖြစ်မြောက်ရေး ညှိုနှိုင်းဆွေးနွေးပွဲအပြီး ယခုနှစ်သင်တန်း ဥက္ကဋ္ဌ စောခီသောင့်(စောချစ်သန်း)က ကေအိုင်စီသို့ ယခုလို ပြောသည်။

“ဒီနေ့ကတော့ ဆရာဖြစ်မွမ်းမံသင်တန်းဖွင့်ဖို့အတွက် ကော်မတီဖွဲ့စည်းတာပေါ့။ ဘိုးဘွားချန်ရစ်ထားပေးခဲ့တဲ့ တို့ ကရင်စာပေကို ထိမ်းသိမ်းမြှင့်တင်ဖို့က အားလုံးမှာ တာဝန်ရှိတဲ့အတွက် ဒီသင်တန်းကို ရွာတိုင်း ရွာတိုင်း လာပြီး တက်ရောက်ကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မတ်လ ၂၇ရက်နေ့မှစတင်ကာ ဧပြီလ ၁၀ ရက်နေ့တွင် သင်တန်းဆင်းမည့် ယခု ဆရာဖြစ်မွမ်းမံအတွက် ကော်မတီ အယောက် ၁၀၀ ဦးကျော်နှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် သင်တန်းသား ဆရာ၊ ဆရာမလောင်း အယောက် ၅၀၀ ဦး လျာထားကြောင်း သိရသည်။

ထို့အပြင် စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်း တက်ရောက်ပြီးမြောက်ခဲ့သည် ဆရာ၊ ဆရာမများ သည် သက်ဆိုင်ရာဒေသအသီးသီးသို့ သင်တန်းများပြန်လည်ပို့ချကာ နှစ် ၅၀ ပြည့် စုပေါင်းသင်တန်းဆင်းပွဲကို လာမည့် မေလ ဒုတိယအပတ်၌ ဖားအံမြို့၊ သီရိကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်ဟု သင်တန်းဆရာများ၏ ပြောပြချက်အရ သိရသည်။

ကရင်စာပေနှင့်ယဉ်ကျေးမှု ဆရာဖြစ်မွမ်းမံသင်တန်းကို ဖားအံမြို့၊ ကရင်ကျောင်းသားများ ရိပ်သာ(KSC)၌ နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး စုပေါင်းသင်တန်းဆင်းပွဲကြီးများကို တစ်နှစ်တွင် တစ်နေရာ အလှည့်ကျ ပြုလုပ် လျက်ရှိသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...