ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲသို့ သံအမတ်များကို ဖိတ်ကြားထား

ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ပွဲသို့ သံအမတ်များကို ဖိတ်ကြားထား

Salai Khup Khup - ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်တွင် ပြည်နယ်အဆင့် ကျင်းပတော့မည့်  (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် နိုင်ငံတော်အဆင့် မည်သည့်ပုဂ္ဂိုလ် တက်ရောက်ချီးမြှင့်မည်ကို မသိရသေးသော်လည်း ပြည်တွင်းနိုင်ငံတကာသံရုံးများမှ သံအမတ်များအားလုံးကို ဖိတ်ထားကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်က “ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အဖွဲ့ကို ဖိတ်ထားပေမယ့် မလာဖြစ်လောက်ဘူးလို့ သိရတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်အနေနဲ့ ပြည်ထဲရေးဝန်ကြီး လာမယ်လို့ သိရတယ်။ မဏိပူရ်ပြည်နယ်အစိုးရကိုလည်း ဖိတ်ထားတယ်။ ပြည်တွင်းက သံအမတ်တွေကိုတော့ အားလုံးကို ဖိတ်ထားတယ်။ နိုင်ငံတော်အဆင့်ကတော့ ဘယ်သူတွေ တက်ရောက်နိုင်မလဲတော့မ သိသေးဘူး။ ဖိတ်တာတော့ ဖိတ်ထားပြီးပြီ” ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကျင်းပမည့် အဆိုပါအခမ်းအနားကို အစိုးရဘတ်ဂျက် ကျပ်သိန်းပေါင်း သုံးထောင်ကျော် အကုန်အကျခံပြီး ထန်တလန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အဆင့် ကျင်းပမည်ဖြစ်သည်။

ပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဘယ်သူသွားမယ်ဆိုတာ စီစဉ်မယ် ထင်တယ် ။ ဘယ်သူလာမယ်ဆိုတာတွေတော့ မသိရသေးဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် အိန္ဒိယဖက်က ပြည်နယ်အစိုးရတွေကို ဖိတ်ကြားထားတယ်။ သံအမတ်ကြီးတွေကိုလည်း ဖိတ်ကြားထားတယ်”ဟုပြောသည်။

ရိုးရာဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မြင်းစီးပြိုင်ပွဲကို ဟားခါးမြို့၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့တွင် The Hakha Post က ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါပွဲတော်ကို ယခင်က ပလက်ဝမြို့တွင် ကျင်းပရန် လျာထားသော်လည်း နယ်မြေအတွင်း တိုက်ပွဲများဖြစ်နေခြင်းကြောင့် ထန်တလန်မြို့တွင် ပြောင်းရွှေ့သတ်မှတ်ထားခြင်း ဖြစ်သည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...