ကန်ချနဘူရီခရိုင်ရှိ အလုပ်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်၍ မြန်မာရွှေ့ပြောင်း လုပ်သား တစ်ရာကျော် နေရပ်ပြန်

ကန်ချနဘူရီခရိုင်ရှိ အလုပ်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်၍ မြန်မာရွှေ့ပြောင်း လုပ်သား တစ်ရာကျော် နေရပ်ပြန်

နေနော် - ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ ကန်ချနဘူရီခရိုင်ရှိ Sica သတ္တုအရည်ကြိုပုံစံခွက်လောင်းသည့် အလုပ်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်၍ ထိုအလုပ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော် မြဝတီနယ်စပ်မှတဆင့်  (ဇန်နဝါရီ ၃၁ရက် ညပိုင်းက နေရပ်အသီးသီးသို့ ပြန်သွားကြကြောင်း သိရသည်။

“ကျနော်တို့က ထိုင်းနိုင်ငံမှာ MoU စနစ်ဖြင့် Top Choice ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ နဲ့ ၂နှစ်စာချုပ် ချုပ်ပြီး အလုပ်သွားလုပ်ကြသူတွေပါ။ စာချုပ်ပါအတိုင်း ၂နှစ်မပြည့်ခင်မှာ အလုပ်ရုံ ရုတ်တရက်ပိတ် သိမ်းလိုက် တဲ့အတွက် ကျနော်တို့အဖို့ များစွာနစ်နာရပါတယ်။ လူတွေတကွဲတပြားနဲ့ အခြားလုပ်ငန်းခွင်မှာလည်း အလုပ် သွားမလုပ်ချင်ဘူးလေ။ အဲ့ဒါကြောင့် မိမိရဲ့နေရပ်ကို ပြန်လာရခြင်းဖြစ်ပါတယ်”ဟု ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်း၊ သာယာဝတီမြို့မှ အလုပ်သမား မောင်ဝင်းဇော်မိုးက ပြောသည်။

အဆိုပါအလုပ်ရုံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား စုစုပေါင်း ၃၀၀ ဦးခန့်ရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ကျော်က အလုပ်ရုံ ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“အလုပ်ရုံ ရုတ်တရက်ပိတ်သိမ်းလိုက်တဲ့အတွက် သူတို့ကို ပို့ဆောင်ပေးတဲ့ ကုမ္ပဏီမှတဆင့် အခြားလုပ်ငန်း ခွင်တွေမှာ အလုပ်သမား(၁၇၀)လောက် ပြောင်းရွှေ့လုပ်ကိုင်ကြပါတယ်။ ယခုပြန်လာတဲ့ အယောက် (၁၃၀) ကျော်ကတော့ အခြားလုပ်ငန်းခွင်တွေမှာ ပြောင်းရွှေ့မလုပ်ကိုင်လိုဘဲ ဆန္ဒအလျောက် နေရပ်ပြန် လာကြ သူတွေဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တာဝန်ထမ်းဆောင်နေသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

အလုပ်ရုံ ရုတ်တရက် ပိတ်သိမ်းလိုက်ရသည့်အတွက် အလုပ်သမားများ၏ နစ်နာကြေးကို ဥပဒေဘောင်အတွင်းမှ ရရှိရန်အတွက် ၄၅ ရက်ကျော်ကြာ စောင့်ဆိုင်းရမည်ဖြစ်သော်လည်း အလုပ်ရုံတွင် လုပ်ကိုင်ကြသည့် မြန်မာအ လုပ်သမားများမှာ လုပ်သက် ၁ နှစ်မှ ၈ လအတွင်းရှိနေခြင်းကြောင့် ယခုလို ပြန်လိုသူများအနေဖြင့် အလုပ်ရှင် ကိုယ်စားလှယ်တို့ နှစ်ဘက်သဘောတူညီမှုဖြင့် ၎င်းတို့၏ လုပ်ခလစာအပြင် တစ်ဦးလျှင် နစ်နာကြေး ဘတ်ငွေ ၃, ၀၀၀ ခန့်စီရရှိကြသည်ဟု သံအရာရှိ ဦးဝေလင်းမောင်က ဆက်ပြောသည်။

အဆိုပါ ပိတ်သိမ်းလိုက်သည့် Sica သတ္တုအရည်ကြို ပုံစံလောင်း အလုပ်ရုံမှာ တရုတ်နိုင်ငံသားပိုင် အလုပ်ရုံဖြစ်ပြီး လက်ရှိတရုတ်ပြည်တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်ပြည် အဝင်အထွက် လမ်းကြောင်းတော်တော်များများ ပိတ်ဆို့ထားသည့်အတွက် တရုတ်သူဌေးအနေဖြင့် ကုန်စည်စီးဆင်းမှု မပြုလုပ်နိုင်ခြင်း ကြောင့် အလုပ်ရုံကို ပိတ်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု နေရပ်သို့ ပြန်လည် ရောက်ရှိလာသည့် အလုပ်သမားများက ပြောဆိုသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...