၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှုဖြစ်စဉ်များကြောင့် မီးဘေးသင့်ပြည်သူ ခြောက်ထောင်ကျော် ရှိခဲ့

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်မှုဖြစ်စဉ်များကြောင့် မီးဘေးသင့်ပြည်သူ ခြောက်ထောင်ကျော် ရှိခဲ့

၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးတွင် မီးလောင်ကျွမ်းမှု စုစုပေါင်း ၂၁၅၅ မှုပေါင်းဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး မြန်မာကျပ်ငွေ ၃.၀၇၉ ဘီလီယံကျော် ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ထံမှ သိရသည်။

၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်များအနက် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ပြီး မီးလောင်မှု ၂၉၅ ကြိမ်ဖြစ်ပွားခဲ့ကာ မန္တလေးတိုင်းဒေသကြီး တွင်  ၂၇၆ ကြိမ် ၊မကွေးတိုင်းဒေသကြီးတွင် ၂၄၄ ကြိမ် ၊ ရှမ်းပြည်နယ်တွင် ၂၂၆ကြိမ် ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၂၀၃ ကြိမ် ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၈၂ ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၇၇ ကြိမ် ၊ ရခိုင်ပြည်နယ်မှ ၁၁၀ ကြိမ် ၊ ကချင်ပြည်နယ်မှ ၁၀၈ ကြိမ် ၊ နေပြည်တော်တွင် ၉၇ ကြိမ် ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၇၉ ကြိမ် ၊ မွန်ပြည်နယ်တွင် ၆၉ ကြိမ် နှင့် ကရင်ပြည်နယ် တွင် ၄၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်များတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှုအရေအတွက်မှာ အများဆုံးဖြစ်ပြီး ၇၃၄ ကြိမ်ရှိခဲ့ကာ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု ၅၉၉ ကြိမ်၊ မီးဖိုမီးကြောင့် မီးလောင်ကျွမ်းမှု ၃၈၈ ကြိမ်နှင့် မသမာသူရှို့မီးကြောင့် လောင်ကျွမ်းမှု ၂၆၁ အကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ဦးရေ ၇၉ ဦးအထိ ရှိခဲ့ပြီး ရှမ်းပြည်နယ်တွင် ၁၅ ဦး ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ဦး ၊ ၊ မကွေးတိုင်းဒေသကြီးတွင် ၁၁ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၈ ဦး ၊ ကချင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၇ ဦးစီ ၊ ရခိုင်ပြည်နယ်တွင် ၅ဦး ၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် ၃ဦးစီ၊ ချင်းပြည်နယ်တွင် ၁ ဦး နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် လူသေဆုံးမှု မရှိခဲ့ ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်များကြောင့် လူနေအိမ်ခြေနှင့် အဆောက်အဦး စုစုပေါင်း ၂၉၈၇ လုံးအထိ ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူ (၆၃၅၉)ဦး မီးဘေးသင့်ဒုက္ခရောက်ခဲ့ရကြောင်း သိရသည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...