စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သီကီရ်းကျေးရွာတွင် နေအိမ်အလုံး (၅၀) ဆောက်ပေး

စစ်ဘေးရှောင်ပြည်သူများနေထိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ သီကီရ်းကျေးရွာတွင် နေအိမ်အလုံး (၅၀) ဆောက်ပေး
ပုံစာ -နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိရွာ ချင်းပြည်နယ် ထန်တလန်မြို့နယ် သီးကီရ် (Tikir) ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေအိမ်အလုံး (၅၀) တည်ဆောက်လျှက်ရှိသည်ဟု သိရသည်။
ပုံစာ -နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိရွာ ချင်းပြည်နယ် ထန်တလန်မြို့နယ် သီးကီရ် (Tikir) ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေအိမ်အလုံး (၅၀) တည်ဆောက်လျှက်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေကြရသည့် ပြည်သူများအနေဖြင့် သီးကီရ်ကျေးရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်နိုင်ရန်အတွက် (၂၄ ပေ x ၂၄ ပေ x ၁၀ ပေ) အတိုင်းအတာရှိ နေအိမ် (၅၀) လုံးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးကပြောသည်။

“စစ်ဘေးရှောင်ထွက်ပြေးကြတဲ့ ပြည်သူတစ်ချို့တွေက သူတို့ရဲ့နီးစပ်ရာ ဆွေးမျိုးသားခြင်းတွေ တစ်ချို့ကြတော့ မီးဇာဘက်မှာပြောင်းရွေ့နေထိုင်ကျတယ် သူတို့ကတော့ ဒုက္ခသည်စခန်းကိုတော့ အခိုင်အမာတည်ဆောက်ထား  ပြီးနေထိုင်ကြတာတော့မရှိဘူး ငြိမ်းချမ်းရာမှာ လက်ခံထားပြီးတော့ သူတို့ကိုကယ်ဆယ်ထားတဲ့အနေအထားမှာရှိတယ်၊ သူတို့ထပ်ပြီးတော့ပြောင်းလာမယ့် မိသားစုတွေရှိတယ်လို့ သိရတယ် ချင်းပြည်နယ်အစိုးရကလည်း အကူအညီတောင်းပါတယ် အိမ်ကအလုံး (၅၀) လောက်ထပ်ပြီးတော့ ပြောင်းရွှေ့ မယ့် မိသားစုတွေအတွက်ဆောက်ချင်တယ် အိမ်ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို အကူအညီပေးပါဆိုပြီး ကျနော်တို့ကိုပန်ကြားလာတဲ့အခါမှာ ကျနော်တို့သွားကြည့်သေးတယ် ဘာပဲဖြစ်ဖြစ်ဆောက်လုပ်လို့ဖြစ်နိုင်တယ်ဆိုပြီးတော့ အိမ်အလုံး (၅၀) ဆောက်ပေးတာပါ အရေးတကြီးလည်း ပြောင်းရွှေ့လာမယ့်သူတွေရှိရင်လည်း အမြန်ဆုံးပြောင်းရွှေ့နိုင်အောင်ဆောက်ပေးတာပါ” ဟု ဦးမိုးဇော်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပလက်ဝမြို့နယ် မီးဇာကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ Bawm မျိူးနွယ်စု အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် သီးကီရ်ကျေးရွာသို့ ပြောင်း ရွှေ့အခြေချခဲ့ကြပြီး နောက်ထပ်ပြောင်းရွှေ့လိုသည့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရေးအတွက် နေအိမ်များကို ယခုကဲ့သို့ဆောက်လုပ်ပေးကြခြင်းဖြစ်သည်။

အဆိုပါလူနေအိမ်များကို ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၅) ရက်နေ့ကစတင်တည်ဆောက်ခဲ့ကြပြီး လက်ရှိအချိန်တွင် (၆၀) ရာခိုင်နှုန်းခန့်တည်ဆောက်မှုပြီးစီးနေပြီဟု သိရသည်။ နေအိမ်အလုံး (၅၀) အတွက် တစ်အိမ်လျင် (၆၅) သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်ငွေသိန်း (၃၀၀၀) ကျော် လျာထားကြပြီး လာမည့်မတ်လဆန်းပိုင်းတွင် ပြောင်းရွှေ့အခြေချနေထိုင်နိုင်ရန် ခန့်မှန်းထားသည်ဟု ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူးကပြောသည်။

သီးကီရ်ကျေးရွာသို့ပြောင်းရွှေ့နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများနှင့် နောက်ထပ်ပြောင်းရွှေ့လာမည့် စစ်ဘေးရှော င်ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်နိုင်ရန် ပြည်နယ်အစိုးရကလည်း ကုန်းမြင့်လယ်ယာတောင်ရာများ စီစဉ်ပေးမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်းထန်ကပြောသည်။

“သူတို့ရောက်ခါစတုန်းက စားဖို့သောက်ဖို့ ထောက်ပံ့တဲ့အစီအစဉ်ရှိတယ် အဲဒါရယ်နေဖို့ထိုင်ဖို့ရယ် အဲလောက်ပဲပေးနိုင်သေးတယ် တကယ်လို့သူတို့မှာ စိုက်ပျိုးရေးစိတ်ဝင်စားရင် ကုန်းမြင့်လယ်ယာ ဧက (၃၅၀) ကျော်လောက် ဖော်ထားတာရှိတယ် ဒါလည်းရေလည်းသွယ်ပြီးသားဆိုတော့ ဒါလေးတွေကလည်း သူတို့အသက်မွေးဝမ်းကြောင်းအတွက် အဆင်ပြေမှာပါ ဒါလေးတွေက သူတို့ နှစ်တိုပင်လေးတွေ စိုက်ပြီးတော့ ဆောင်ရွက်လို့ရပါတယ် သူတို့လုပ်ချင်တဲ့စိတ်ရှိရင် လုပ်တော့လုပ်မှာပေါ့နော် အဲဒါတွေရှိတယ်” ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်းမှ အိမ်အလုံး (၅၀) အတွက် လျှပ်စစ်မီးများရရှိနိုင်ရေးအတွက် ဆက်လက်ပြီး ဆိုလာများထောက်ပံ့ပေးဖို့ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများရေ နှင့် ပိုက်သွယ်တန်းခြင်းများ ချင်းပြည်နယ်အစိုးရနှင့် ဆက်လက်ညှို့နှိုင်းလုပ်ဆောင်သွားမည်ဟု ဦးမိုးဇော်ဦးကပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်းသည် ယခင်ကလည်း ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟားခါးလေးကျေးရွာ၌လည်း သဘာဘေးအန္တရာယ်ကြောင့် နေအိမ်များပြိုကျပျက်ဆီးပြီး ပျက်ဆီးသွားသည့်အိမ်များပြန်လည်အစားထိုး တည်ဆောက်ပေးခြင်းများ လုပ်ဆောင်ခဲ့ဖူးသည်ဟုသိရသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...