ကော့သောင်းတွင် ဖမ်းမိသည့် မွတ်ဆလင် (၂၀၀)နီးပါး ရခိုင်ရောက်ရှိ

ကော့သောင်းတွင် ဖမ်းမိသည့် မွတ်ဆလင် (၂၀၀)နီးပါး ရခိုင်ရောက်ရှိ

ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် ဖမ်းမိသည့် မွတ်ဆလင် (၁၇၂)ဦးကို တပ်မတော်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပို့လိုက်ရာ ဇန်နဝါရီလ ၁၃ ရက်၊ နေ့လယ်ပိုင်းတွင် ရောက်ရှိလာသည်။

အဆိုပါမွတ်ဆလင်များအနက် (၁၇)ဦးကို စစ်တွေမြို့၊ သဲချောင်းကျေးရွာသို့ပို့ပြီး တခြားသူများကို မောင်တော၊ ဘူးသီးတောင်မြို့နယ်များသို့ ပို့ဆောင်မည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် သဲချောင်းဒေသခံတစ်ဦးက DMG ကိုပြောသည်။

“တခြား ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းပါတယ်လို့ ပြောတယ်။ နောက်ပြီးတော့ မောင်တောရယ်၊ ဘူးသီးတောင်ရယ် သူတို့ဘက်ကလည်း ပါတယ်လို့ပြောတယ်။ ကျနော်တို့ (စစ်တွေ)ဘက်ကျတော့ ၁၇ ယောက်ပဲရှိတယ်။ ကျန်တဲ့သူတွေကိုတော့ သင်္ဘောနဲ့ပဲ သွားပို့မယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။

စစ်တွေသို့ရောက်ရှိလာသည့် မွတ်ဆလင် (၁၇)ဦးကို သဲချောင်းတွင် အသင့်စောင့်နေသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက လဝကအရာရှိများက နိုင်ငံသားစိစစ်ရေး ယာယီသက်သေခံကဒ်ပြား( NVC) ထုတ်ပေးခဲ့သည် သဲချောင်းဒေသခံ ယာဆိတ်ဆိုသူက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး သဲချောင်းကျေးရွာသို့ရောက်ရှိနေသည့် ရဲအရာရှိများကို DMG က မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။ ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယင်းမွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း (ခေါ်) အုန်းကျွန်း နိုရာပါရာဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ထွက်ခွာလာစဉ် ကော့သောင်းမြို့နယ်တွင် တပ်မတော်(ရေ)က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူထဲတွင် အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၈ ဦး၊ ကလေးငယ်အမျိုးသား ၁၃ ဦး၊ ကလေးငယ် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း (၁၇၂)ဦး ပါဝင်သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ထားဝယ်ခရိုင်အတွင်းတွင် ဖမ်းဆီးခံရသည့် မွတ်ဆလင် (၉၀) ကျော်မှာ စစ်တွေမြို့သို့ ပြန်ပို့ခံရသည်။ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျေးရွာများတွင် နေထိုင်ကြသည့် မွတ်ဆလင်များမှာ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် နိုင်ငံခြား(သို့မဟုတ်)ပြည်မဘက်သို့ ထွက်ခွာလျှင် ဖမ်းဆီးခံရမှုများရှိနေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...