မင်းပြားတွင် (၁၀)လသားအရွယ် ကလေးတစ်ဦး ကျည်ဆန်ထိမှန်သေဆုံး

မင်းပြားတွင် (၁၀)လသားအရွယ် ကလေးတစ်ဦး ကျည်ဆန်ထိမှန်သေဆုံး
(ဓာတ်ပုံ - လင်းလင်း) — အသက်(၁၀)လသားအရွယ်ကလေးငယ်မှာ တပ်မတော်ဘက်ကပစ်ခတ်လိုက်သည့် ကျည်ဆန်ကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောဆိုသော်လည်း တပ်မတော်ဘက်က ငြင်းဆိုသည်။
(ဓာတ်ပုံ - လင်းလင်း) — အသက်(၁၀)လသားအရွယ်ကလေးငယ်မှာ တပ်မတော်ဘက်ကပစ်ခတ်လိုက်သည့် ကျည်ဆန်ကြောင့် သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောဆိုသော်လည်း တပ်မတော်ဘက်က ငြင်းဆိုသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အုန်းတောကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁၂ နာရီခန့်က အသက် (၁၀) လသားအရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးသွားခဲ့သည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းဦးက DMG ကိုပြောသည်။

သေဆုံးသွားသည့် ကလေးငယ်အမည်မှာ ကိုဖြိုးဝင်းဖြစ်ပြီး မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကဖြစ်သည်။ ယင်းကလေးငယ်အပါအဝင် မိသားစုဝင်များသည် မိမိကျေးရွာအနီးတွင် ပစ်ခတ်မှုများရှိသဖြင့် မြောက်ဦးမြို့နယ်၊ ပါးတောင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

လက်ရှိမှာ မိမိကျေးရွာတွင် တည်ငြိမ်နေပြီ ဖြစ်သောကြောင့် ကျေးရွာသို့ စက်လှေဖြင့်သွားကြစဉ် မင်းပြားမြို့နယ်၊ အုန်းတောကျေးရွာအရောက်တွင် ပစ်ခတ်ခံရမှုကြောင့် ကလေးငယ်သေဆုံးသွားခြင်း ဖြစ်သည်။

“ပါးတောင်ရွာကနေပြီးတော့ ညောင်ကန်ရွာကို မိသားစု ၃ ယောက် စက်လှေနဲ့သွားတာပါ။ အုန်းတောကျေးရွာနား အရောက်မှာ တပ်မတော်က ပစ်တာပါ။ သားမှာ နောက်ကျောက ဖောက်ထွက်သွားပါတယ်” ဟု ကလေးငယ်၏ မိခင် ဒေါ်လှသိန်းဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG ကဆက်သွယ်ရာတွင် ထိုသို့ပစ်ခတ်မှုမရှိဟု ဆိုသည်။

“ကျနော်တို့က စက်လှေကိုတားတာလည်းမရှိဘူး။ ပစ်တာလည်းမရှိဘူး။ AAလို ဟိုလူကိုခေါ်ပြီး သတ်သွား၊ ဒီလူကိုခေါ်ပြီးသတ်သွားတာလည်း မရှိဘူး” ဟု၎င်းကပြောသည်။

ယနေ့နံနက် (၆)နာရီခန့်က မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာ၊ အုန်းတောကျေးရွာအနီးတို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်(၂)စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မေလွမ်းဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်တာကာလတွင် ကျည်ဆံထိမှန်မှု၊ မိုင်းထိမှန်မှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား (၁၀၀)ကျော်သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀၀) ခန့်ရှိသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...