ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာတင်မည်ဟု AA ပြန်လွှတ်ပေးလိုက်သူများပြေ

ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်ထံ အသနားခံစာတင်မည်ဟု AA ပြန်လွှတ်ပေးလိုက်သူများပြေ
ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ၎င်းတို့ကို ရာထူးချမည်(သို့မဟုတ်)အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်သည်။ (ဓာတ်ပုံ - AA)
ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ၎င်းတို့ကို ရာထူးချမည်(သို့မဟုတ်)အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်သည်။ (ဓာတ်ပုံ - AA)

ရက္ခိုင့်တပ်တော်(AA)က တစ်ရက်ကြာဖမ်းဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာ (၁၆)ဦးကို ခုံရုံးဖွဲ့စစ်ဆေးမည်ဖြစ်ရာ ယင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံတင်ပြမည်ဟု ပြန်လွတ်လာသူ ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက DMG ကို ယနေ့ပြောသည်။

၎င်းတို့ကို တာဝန်ကျရာနေရာသို့ မသွားရောက်ဟုဆိုကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၁၇)ရက် နေ့တွင် ခုံရုံးဖွဲ့စစ်ဆေးမည်ဟု အကြောင်းကြားလာသည်။ ထို့ကြောင့် ခုံရုံဖွဲ့စစ်ဆေးပြီးလျှင် ဒေါ်အောင်ဆန်းစုကြည် ကို သွားရောက်တွေ့ဆုံကာ အသနားခံစာတင်ပြမည်ဟု ၎င်းကဆက်လက်ပြောသည်။

“ နိုင်ငံတော်ပင်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သွားတွေ့မယ်ဆိုတာက ကျနော်တို့ကို ရက်ရက်စက်စက် အလုပ်ကထုတ်လိုက်ရင် မိသားစုတွေ ဘဝပျက်မယ်ဆိုတော့ ဒီအရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို သွားပြီး အသနားခံပြီး ရှင်းပြချင်တာပါ” ဟု ဦးဇော်ထွန်းဦးက ဆိုသည်။

ခုံရုံးဖွဲ့စစ်ဆေးပြီးလျှင် ၎င်းတို့ကို ရာထူးချမည်(သို့မဟုတ်)အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်သည်ဟု ၎င်းကဆက်လက်ပြောသည်။

စစ်တွေ-ဘူးသီးတောင်မြို့သို့ပြေးဆွဲနေသော အောင်တံခွန်(၇)ရေယာဉ်ကို ဒီဇင်ဘာလ (၃၁)ရက်နေ့က ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးတွင် AA ကတားဆီးကာ အဆိုပါ (၁၆)ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို စစ်ဆေးပြီးနောက် စစ်ဖက်နှင့် သက်ဆိုင်သူများ၊ မသင်္ကာဖွယ်ရာရှိသူများ မဟုတ်ဟုဆိုကာ ဇန်နဝါရီလ (၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါ (၁၆)ဦးမှာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဒရိုင်ဘာများဖြစ်ကြပြီး ပြန်လည်လက်ခံရေးစခန်းများတွင် မော်တော်ကားများကို မောင်းနှင်ရန်အတွက် မောင်တောမြို့သို့ လာရောက်ခြင်းဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...