စစ်ဘေးရှောင်များလိုအပ်ချက် ကူညီဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ် ကတိပြု

စစ်ဘေးရှောင်များလိုအပ်ချက် ကူညီဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ် ကတိပြု
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ဘေးရှောင်ကလေးငယ်များအတွက် ကျောင်းသုံးစာအုပ်များ၊ ကစားစရာပစ္စည်းများ ပေးအပ်ခဲ့သည်။ (ဓာတ်ပုံ - ခိုင်ရိုးလ)
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ဘေးရှောင်ကလေးငယ်များအတွက် ကျောင်းသုံးစာအုပ်များ၊ ကစားစရာပစ္စည်းများ ပေးအပ်ခဲ့သည်။ (ဓာတ်ပုံ - ခိုင်ရိုးလ)

ခိုင်ရိုးလ — စစ်ဘေးရှောင်များအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းပြောရန်နှင့် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီလ (၆)ရက်နေ့က စစ်တွေမြို့က စစ်ဘေးရှောင်များနှင့်တွေ့ဆုံစဉ် ကတိပြုခဲ့သည်။

ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့သည် ယခင်ကလည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များကို စားနပ်ရိက္ခာ၊ နေထိုင်ရေး၊ ပညာရေး စသည့်လိုအပ်ချက်များကို ထောက်ပံ့ပေးခဲ့သည်ဟုလည်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

“လိုအပ်တာရှိရင် ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းပြောပါ။ ကျနော်တို့ဘက်က နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေး၊ လိုအပ်တဲ့အသုံးအဆောင်ကအစ ကျနော်တို့ ကူညီဆောင်ရွက်ပေးပါမယ်။ ဒါ အခုမှလုပ်တာတော့ မဟုတ်ပါဘူး။ တလျှောက်လုံးလည်းလုပ်ခဲ့ပြီးပြီ။ တစ်နှစ်ပြည့်ပါတော့မယ်” ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ်ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့သည် ယင်းနေ့က စစ်တွေမြို့ပေါ်ရှိ ဓမ္မရာမဘုန်းတော်ကြီးကျောင်း၊ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းနှင့် ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို တွေ့ဆုံခဲ့ကာ စစ်ဘေးရှောင် ၄၅၂ ဦးအတွက် ဆန်ရိက္ခာ ၁၅၂ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ရသည် စစ်ဘေးရှောင်များကို သွားရောက်တွေ့ဆုံထောက်ပံ့မှုများ နည်းသည်ဟု အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။ လုံခြုံရေးအခြေအနေများကြောင့် သွားရောက်ထောက်ပံ့နိုင်ခြင်းမရှိဟု ပြည်နယ်အစိုးရအဖွဲ့က တုန့်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက စတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ ပညာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...