ပလက်ဝမြို့နယ်၊ ပီချောင်းတစ်လျှောက် AA တပ်ဖွဲ့များ လချီလှုပ်ရှားမှုကြောင့် ဒေသခံများ အခက်တွေ့

ပလက်ဝမြို့နယ်၊ ပီချောင်းတစ်လျှောက် AA တပ်ဖွဲ့များ လချီလှုပ်ရှားမှုကြောင့် ဒေသခံများ အခက်တွေ့

ပလက်ဝမြို့နယ်ရှိ ပီချောင်း တစ်လျှောက်ရှိ ကျေးရွာပေါင်း (၃၀) ကျော်တွင် ရက္ခိုင့်တပ်မတော်(AA) လှုပ်ရှားနေမှုကြောင့် ဒေသခံများအနေဖြင့် သွားလာရေး၊ စားဝတ်နေရေးအတွက် စိုးရိမ်နေရသည်မှာ ရက်ပေါင်းတော်တော်ကြာရှိပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “AAတွေက ရွာအနီးနားတွေမှာ ဖြစ်ဖြစ် ရွာတော်တော်များများ ထဲမှာလည်း AA လက်နက်ကိုင်တွေ ရှိနေတယ်လို့ သိရတယ်။ နောက်ပြီး AAတွေက ဒေသခံတွေကို တောင်ယာမသွားဖို့နဲ့ ပလက်ဝမြို့ပေါ် ဖက်ကိုလည်း သွားခွင့် မပြုဘူးလို့လည်း ပြောသံကြားတယ်”ကပြောသည်။

ပလက်ဝမြို့နယ်ရှိ ကျေးရွာတော်တော်များတွင် AAတပ်ဖွဲ့ဝင်များ နေရာယူခြင်း ကျေးရွာအနီးအ နားတွင် ရှိခြင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် စားဝတ်နေရေးတွင် တစ်နေ့ပြီးတစ်နေ့ ပိုမိုခက်ခဲလာကြောင်း မီးဇာစစ်ဘေးရှောင် များကူညီပေးသူ တစ်ဦးကပြောပါသည်။

စစ်ဘေးရှောင်များ ကူညီပေးသူ တစ်ဦးက “စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီးတော့ လက်ရှိက စားဝတ်နေရေးမှာ အခက်အခဲရှိတယ်။ ပလက်ဝမြို့ဖက်ကိုလည်း သိပ်ပြီးမသွားရဲကြတော့ ဆန်တွေဝယ်ဖို့ကလည်းအခက်ခဲရှိတယ်။ အောက်ပိုင်းက ဆန်တွေကို စားနေရတယ်။ ဆန်ဝယ်ဖို့ကလည်း လမ်းခရီးမှာ စိုးရိမ်ရတယ်ဆိုတော့ တစ်နေ့ပြီး တစ်နေ့ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲမှု ရှိလာတယ်”ဟုပြောသည်။

ပုန်းချောင်းဝကျေးရွာရှိ ဒေသခံ အသက်(၃၀) ကျော်ရှိ ယောကျာ်း တစ်ဦး ကျန်းမာရေးမကောင်း ဖြစ်၍ ဆေးဝါးကုသမူ ခံယူရန် သွားလာရေး အခက်ခဲရှိသည့်အတွက် မကြာသေးမီရက်ပိုင်းက အသက်ဆုံး ဆုံးရှုံးသွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာအစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများ အရှိန်မလျော့ကျပဲ ချင်းပြည်နယ်ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လျက် ရှိသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...