ချင်းပြည်နယ်သို့ လာရောက်လည်ပတ်သူ များလာသည်နှင့်အမျှ အမှိုက်ပြဿနာ ကြုံတွေ့နေရ

ချင်းပြည်နယ်သို့ လာရောက်လည်ပတ်သူ များလာသည်နှင့်အမျှ အမှိုက်ပြဿနာ ကြုံတွေ့နေရ

ချင်းပြည်နယ်ရှိ အထင်ကရနေရာများသို့ စိတ်ဝင်တစားဖြင့် လာရောက်လည်ပတ်သူများလာသည်နှင့် အမျှ အမှိုက်ပြဿနာ ကြုံတွေ့နေရမှုများရှိနေကြောင်း သိရသည်။

“အမှိုက်က Travel & Tour မှာက စနစ်ရှိတယ်၊ သူတို့က အမှိုက်ပစ်တာကို လုံးဝခွင့်မပြုဘူး၊ အဓိကတော့ ပြောရမယ်ဆိုရင် အနီးနားတဝိုက်က သွားတဲ့သူတွေ ပစ်တာများတယ်၊ ဒီကလူတွေက ခရီးသွားလာရေးနှင့် ပတ်သက်တဲ့ စံတွေကိုမသိကြဘူး၊ ယဉ်ကျေးမှုလည်းနားမလည်ကြဘူး၊ ဒီနေရာလေးလှတယ်ဆိုပြီးသွားကြတယ်၊ အဲမှာ အမှိုက်ကိုလည်း စည်းကမ်းမရှိပစ်ကြတယ်၊ ပြီးရင်ဘာလုပ်သေးလဲဆိုရင် မီးပါရှို့တယ်”ဟု ခရီးသွားလာရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုလှိုင်ထွန်းမှ ပြောသည်။

ချင်းပြည်နယ်သည် ယခင်က ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးခဲ့သည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ပိုင်းအတွင်း ခရီးသွားဝင်ရောက်မှု များပြားလာပြီး လူအများ သွားရောက်လည်ပတ်လေ့ ရှိသည့် နေရာများတွင် အမှိုက်များ စည်းကဲ့ကမ်းမဲ့ပစ်မှု ပိုမိုများပြားလာကြောင်းသိရသည်။

“အမှိုက်ပြဿနာဆိုတာက နေရာတိုင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာပေါ့၊ အဲဒါကို ကျနော်တို့အနေနဲ့ ဥပမာ ခေါနုသုန်မှာဆိုရင် ခေါနုသုန်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးရှိတယ်၊ သူတို့ကနေပြီးတော့ အသိပညာပေးတာတွေ၊ အမှိုက်တောင်းလေးတွေ ထားပေးတာတွေတော့ ရှိပါတယ်” ဟု ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးမှပြောသည်။

ချင်းပြည်နယ်၏ အထင်ကရနေရာအချို့များတွင် လာရောက်လည်ပတ်သူများ၏ အမှိုက်များစွန့်ပစ်မှုများကို တစ်နှစ်လျှင်တစ်ကြိမ်စသည်ဖြင့် နီးစပ်ရာ မြို့နယ်များမှ အရပ်ဖက်လူမှုအဖွဲ့များအနေဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍သော်လည်းကောင်း အမှိုက်များကောက်ကြရလေ့ရှိသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...