ကျေးရွာ အချို့မှ ပလက်ဝမြို့ပေါ်သို့ တိုက်ပွဲရှောင်လာသူ အမျိုးသမီးနှင့် ကလေးအယောက်(၄၀) ဦးရှိ

ကျေးရွာ အချို့မှ ပလက်ဝမြို့ပေါ်သို့ တိုက်ပွဲရှောင်လာသူ အမျိုးသမီးနှင့် ကလေးအယောက်(၄၀) ဦးရှိ
ပလက်ဝမြို့ပေါ်တွင် ကျေးရွာများမှ တိုက်ပွဲရှောင်လာသည့် အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၄၀ ဦးရှိကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့မှသိရသည်။



အဆိုပါ စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နယ်မှ ကြောင်ချောင်းကျေးရွာနှင့် သဖန်းကျေးရွာများမှ ဖြစ်ကြောင်းသိရသည်။

စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက “သူတို့ရွာ အနီးနားမှာ တိုက်ပွဲသံတွေ ကြားရတယ်ဆိုတော့ ရွာမှာနေဖို့ ကြောက်လို့ ထွက်ပြေးလာတာဖြစ်တယ်။ အခုလောလော ဆယ်ကတော့ သူတို့အသိအိမ်တွေမှာ လာနေကြတယ်။ ရွာမှာတော့ အိမ်ထောင်ဦးစီးတွေက ဘာပဲ ဖြစ်ဖြစ် နေခဲ့ကျတယ်။ သူတို့အမျိုးသမီးနဲ့ ကလေးတွေဘဲ ဒီမြို့ပေါ်ကို လာတာဖြစ်တယ်”ဟုပြော သည်။



ပလက်ဝမြို့နယ် ကြောင်ချောင်းကျေးရွာမှ ပလက်ဝမြို့ပေါ်သို့ရွှေ့ပြောင်းလာသူ အိမ်ထောင်စု (၉)စုမှ လူဦးရေ (၂၀)ဦးသည် ပလက်ဝမြို့ပေါ်သို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြောင်းရွှေ့နေထိုင်ကြပြီး သဖန်းချောင်ကျေးရွာမှ အိမ်ထောင်စု (၅) စုနှင့် လူဦးရေ (၂၀)ဦးတို့သည် ဒီဇင်ဘာလ ၁၄ရက်နေ့က ပြောင်းရွှေ့လာကြကြောင်း သိရသည်။



ကြောင်ချောင်းကျေးရွာနှင့် သဖန်းချောင်ကျေးရွာ အနီးနားတွင် AA လက်နက်ကိုင် အဖွဲ့များ အဝင်ထွက်များရှိနေပြီး ရွာတွင် တိုက်ပွဲများဖြစ်မည် စိုးရိမ်ရခြင်းကြောင့် ကလေး၊ အမျိုးသမီး၊ ကျောင်းသူများနှင့် ဆရာမများသည် ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြပြီး လက်ရှိတွင် သဘာဝဘေးကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။



ပလက်ဝမြို့အနီးတွင်လည်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာပြီး မြို့ပေါ်မှ လက်နက်သံများ ကြားလာရခြင်းကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်နေရကြောင်းလည်း သိရှိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...