ဒိုင်ရ်ချင်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဂီတပွဲတော် ကန်ပက်လက်မြို့တွင် ကျင်းပမည်

ဒိုင်ရ်ချင်း တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဂီတပွဲတော် ကန်ပက်လက်မြို့တွင် ကျင်းပမည်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဒိုင်ရ်ရိုးရာယဉ်ကျေးမှု ဓလေ့ကို လူငယ်များ လက်ဆင့်ကမ်း ထိမ်းသိမ်းနိုင်ရန် ဒိုင်ရ်ချင်းတိုင်းရင်းသာ ရိုးရာယဉ်ကျေးမှု ဂီတပွဲတော်ကို ဒီဇင်ဘာ (၁၉)ရက်နေ့မှ စတင်ပြီး ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ပွဲဖြစ်မြောက်ရေးကော်တီမှ ဦးမနားရှင်းက “ဒိုင်ရ်လူမျိုးတွေရဲ့ ရိုးရာပွဲဖြစ်တယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမှာရှိတဲ့ ဒိုင်ရ် လူမျိုးအားလုံးကို ကိုယ်စားပြုကျင်းပမှာဖြစ်တယ်။နောက်ပြီး မြန်မာနိုင်ငံ အတွင်းမှာရှိ ဒိုင်ရ်ချင်းလူများကိုလည်း ဖိတ်ကြားထားတယ်။ အခုလိုပွဲမျိုး လုပ်ဖြစ်တာ ရှေးတုန်းက ဒိုင်ရ်ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ထုံးစံကို အခုခတ်လူငယ်တွေက သိရှိပြီးတော့ လက်ဆင့်ကမ်း ထိမ်းသိမ်းနိုင်အောင် ဆိုပြီးဒီပွဲကို ကျင်းပရတာဖြစ်တယ်”ဟုပြောသည်။

ကန်ပက်လက်မြို့နယ်တွင် ဒိုင်ရ်ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမူ ဂီတပွဲတော်ကို ဒီဇင်ဘာလ (၁၉)ရက်မှ (၂၀) ရက်အထိ စည်ကားစွာ ကျင်းပသွားမည် ဖြစ်ပြီး အဆိုပါပွဲတွင် မြို့ပေါ်ရှိ ဌာန ဆိုင်ရာ အားလုံးနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

ဒိုင်ရ် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဂီတပွဲတော်ကို ကန်ပက်လက်မြို့တွင် ပထမဆုံးကြိမ် ကျင်းပသော အခမ်းအနားဖြစ်ပြီး အဆိုပါပွဲတော်တွင် ဂီတအသိုင်းအဝိုင်းနှင့် ရိုးရာပွဲ မျိုးစုံကို နေ့ည ဆက်ပြီး နှစ်ရက်တာ ကျင်းပမည် ဖြစ်ကြောင်းလည်း သိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...