မံစီမြို့နယ် မုန်းတိန်းပါကျေးရွာတွင် စစ်ရှောင်ပြည်သူများ၏ လယ်ယာမြေများအား ဖော်ထုတ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်

မံစီမြို့နယ် မုန်းတိန်းပါကျေးရွာတွင် စစ်ရှောင်ပြည်သူများ၏ လယ်ယာမြေများအား ဖော်ထုတ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်

ဗန်းမော်ခရိုင်၊မံစီမြို့နယ်၊မုန်းတိန်းပါကျေးရွာတွင် စစ်ရှောင် ပြည်သူများပြန်လည်နေထိုင်နိုင်ပြီ ဖြစ်သောကြောင့် စစ်ဖြစ်ကာလ ၈ နှစ်ခန့်က မစိုက်ပျိုးခဲ့သည့် တောင်သူ ၂၁ ဦး၏ လယ်မြေဧက ၃၆၃ ဒသမ ၇၉ ဧကကို ကွင်းဆင်း စစ်ဆေးပြီး စနစ်တကျ လယ်ယာမြေအဖြစ် ဖော်ထုတ်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ကျော်၀င်းက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ်၊ ကချင်ပြည်နယ်လွှတ်တော် ၁၆ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် မံစီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ ဦးမင်းမင်း၏ ကြယ်ပွင့်ပြမေးခွန်းအား သက်ဆိုင်ရာ ၀န်ကြီးမှ အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

"မံစီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းဦးစီးဌာနမှ ကွင်းမြေပုံရေးဆွဲဖော်ထုတ်ရန်နှင့် တောင်သူတစ်ဦးချင်း၏ ပိုင်ဆိုင်မှုစာရင်းများကို စိစစ်ဆောင်ရွက်စေပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ ထည့်သွင်းတောင်းခံပြီး ရန်ပုံငွေရရှိပါက လယ်ယာမြေဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း " ၀န်ကြီးမှ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...