ရဲတပ်သားကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ဒုရဲအုပ်အပေါ် ထိထိရောက်ရောက် အရေးယူသင့်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြော

ရဲတပ်သားကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ဒုရဲအုပ်အပေါ် ထိထိရောက်ရောက် အရေးယူသင့်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြော
တွန်းဇံမြို့နယ်တွင် ရဲတပ်သား ထန်လျန်းပေါင်ကို သေနတ်ဖြင့် (၄)ကြိမ် ပစ်ခတ်သူ ဒုရဲအုပ် ဟံဝင်းအောင်ကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူသင့်ကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီးကပြောသည်။



စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဥပဒေရဲ့ လုပ်ထုံးနည်းအရ လုပ်ရမှာဖြစ်တယ်။ အခုလည်း အရေးယူပြီးသား ဖြစ်မှာပါ။ ဒီလိုလက်အောက် ငယ်သားကို လုပ်တယ်ဆိုတော့ ထိထိရောက်ရောက်အရေးယူ ရမှာဖြစ်တယ်။ ကိုယ့်လက်အောက်ငယ်သားကို ပစ်ခတ်တဲ့ ဖြစ်စဉ်တွေ၊ လက်အောက်ငယ်သားက အထက်ကို ပစ်တာတွေလည်းရှိတယ်၊ ရဲတွေရဲ့ အုပ်ချုပ်ရေးစနစ်မှာလည်း ဖြစ်တတ်တယ်၊ တပ်ပိုင်းဆိုင်ရာမှာလည်း ဖြစ်တတ်တယ်၊ ဒါတော့ အခန့်မသင့်တဲ့ အချိန်မှာ စိတ်အလိုလိုက်ပြီးတော့ လက်နက်ကိုင် ဖြစ်တဲ့အခါကျတော့ လုပ်လိုက်မိတာဖြစ်တယ်၊ နောက်တစ်ခုက ပုံမုန်မဟုတ်ဘဲ သောက်စားမူးတဲ့အချိန်မှာ အဲလိုမျိုးတွေဖြစ်တယ်”ဟုပြောသည်။



ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် သေနတ်ဖြင့် အပစ်ခံရသူ ရဲတပ်သား ထန်လျန်းပေါင်မှ တွန်းဇံမြို့မရဲစခန်းမှူးသို့ လိပ်မူပြီး ပြည်နယ်အစိုးရ၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမူရေးဝန်ကြီးတို့ထံ တိုင်စာပေးပို့ခဲ့သည်။



တွန်းဇံမြို့နယ်၊ ဘပီးအုပ်စု၊ ကျီခါး-ဇမ်မီး လမ်းခွဲအရောက်တွင် နယ်ထိန်း ဒုရဲအုပ် ဟန်ဝင်းအောင်မှ တပ်သား ထန်လျန်းပေါင်ကို 6mm သေနတ်ဖြင့် (၄)ကြိမ် ပစ်ခတ်ခဲ့သော်လည်း အပစ်ခံရသူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...