၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ၃ ထောင်နီးပါးရှိ

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ၃ ထောင်နီးပါးရှိ

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ရပ်/ကျေးအုပ်စု မဲရုံအလို်က်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မသန်စွမ်း မဲပေးနိုင်သူ (၂၈၇၃) ဦး ရှိကြောင်း ချင်းပြည်နယ် မသန်စွမ်းအမျိုးအစားအခြေပြ စာရင်းအရသိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလိန်းကျော်က “ အခုစာရင်းက အကြမ်းပဲဖြစ်ပါသေးတယ်။ ကျွန်တော်တို့ အချက်အလက်တွေကို ဆက်လက်စုဆောင်းနေပါတယ်။ အရေအတွက် လျှော့စရာတော့မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မသန်စွမ်းမဲပေးပိုင်ခွင့်ရှိသူ ဦးရေကို သီးသန့်ခွဲပြီး စာရင်းလုပ်တာမရှိခဲ့ဘူး။ အခုတော့ ကျွန်တော်တို့ ကောင်းကောင်း စာရင်းပြုစုနေတယ်” ဟုပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မသန်စွမ်းများ အတွက် မဲရုံများထားရှိပြီး ဟားခါးမြို့နယ်တွင် မသန်စွမ်း စုစုပေါင်း (၃၉၄)ဦး၊ ထန်တလန်မြို့နယ်တွင် (၂၅၀) ဦး၊ဖလမ်းမြို့နယ်တွင် (၁၆၅)ဦး၊ တီးတိန်မြို့နယ်တွင် (၆၆၂)ဦး၊ တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၂၄၅)ဦး၊ မင်းတပ်မြို့နယ်တွင် (၁၆၅)ဦး၊ ကန်ပက်လက်မြို့နယ်တွင် ( ၁၂)ဦး၊ မတူပီမြို့နယ်တွင် (၂၄၃)ဦး၊ ပလက်ဝမြို့နယ်တွင် (၇၃၇)ဦး အသီးသီးရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၏ ရပ်/ကျေးအုပ်စု မဲရုံအလိုက် မသန်စွမ်းအမျိုးစား ခွဲခြားရာတွင် ကိုယ်လက်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနှင့် ညဏ်ရည်ဖွံ့ဖြိုးမှုနိမ့်ကျသူ ဟူ၍ မသန်စွမ်းလေးမျိုးရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်ဦးရေမှာ (၃၄၃၅၈၄) ဦးရေ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ အခြေခံမဲဆန္ဒရှင်စာရင်း အရသိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...